အရက်မူးနေသည့် ဘုန်းကြီးတစ်ပါး မောင်းလာသည့် ကားက နေအိမ်အတွင်း ရပ်ထားသည့် ကားကို ဝင်တိုက်မိ

အရက်မူးနေသည့် ဘုန်းကြီးတစ်ပါး မောင်းလာသည့် ကားက နေအိမ်အတွင်း ရပ်ထားသည့် ကားကို ဝင်တိုက်မိ

ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့ရှိ နွယ်ခွေ-ဆိုင်ဂေါင်းလမ်းတွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့က အရက်မူးပြီး ကားမောင်းသည့် ဘုန်းကြီးက ခြံဝန်းအတွင်း ရပ်ထားသည့်ကားကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ဘုန်းကြီးက ဒဏ်ရာအနည်းငယ်ပဲရပါတယ်။ မသေဘူး။ ပုံမှန်အခြေအနေလည်း မဟုတ်ဘူး။ မနည်းကိုထူရတာ။ အရက်နံ့က တော်တော်နံတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကြို့ပင်ကောက်ရဲစခန်းက ဘုန်းကြီးကို  ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်ဟုလည်း ဒေသခံများက ဆိုသည်။

"ညနေတိုင်း မြို့အနောက်ဖက်ရွာထိပ်မှာ ဝိုင်းဖွဲ့သောက်နေကျ ဘုန်းကြီးတွေ။ ကြို့ပင်ကောက် ကဝေကုန်းရွာက ဘုန်းကြီး။ ညနေတိုင်း သူအပါဝင် ဘုန်းကြီး (၃)၊ (၄)ပါး လမ်းဘေးတင် ထိုင်သောက်တာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကြို့ပင်ကောက်ရဲစခန်းက မည်သို့အရေးယူထားသည်ကိုမူ မသိရသေးဘဲ ဘုန်းကြီးမာင်းနှင်လာသည့်ကားမှာ သာသာနာ နံပတ်ပါယာဉ်ဖြစ်ပြီး ဝင်တိုက်ခံရသည့်ကားမှာ တန်ဖိုးကြီးကားဖြစ်သည်ဟုလည်း ဒေသခံများကပြောဆိုသည်။

 

Photo: CJ