ပို့ဆောင်ခ ကျပ်(၃၄) သိန်းပေးပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့သွားရန် ကြိုးစားသည့် ခိုးဝင်ဘင်္ဂါလီ (၆)ဦးကို ဖမ်းမိ

ပို့ဆောင်ခ ကျပ်(၃၄) သိန်းပေးပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့သွားရန် ကြိုးစားသည့် ခိုးဝင်ဘင်္ဂါလီ (၆)ဦးကို ဖမ်းမိ
မတ် 21, 2020
By Tachileik News Agency

ပို့ဆောင်ခ ကျပ်(၃၄) သိန်းပေးပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့သွားရန် ကြိုးစားသည့် ခိုးဝင်ဘင်္ဂါလီ (၆)ဦးကို   ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ် ရခိုင်ပြည်နယ်ဘက်မှလာပြီး မကွေးတိုင်းဒေသကြီးဘက်သို့ ဝင်ရောက်လာသည့်  ဘင်္ဂါလီ (၆)ဦးတွင် နိုင်ငံသား အထောက်အထားမရှိသဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၌ ဖမ်ဆီးထားပြီး မြန်မာနိုင်ငံတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပဒါန်း-မင်းဘူးလမ်းအတိုင်း လမ်းလျှောက်လာသည့် အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦးပါဝင်သည့်အဖွဲ့ကို လေးပင်ကျေးရွာအနီး၌ နံနက်(၅)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့က တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာမှ နိုင်ငံသား အထောက်အထား မရှိသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား တစ်ဦးလျှင်ပို့ဆောင်ခ ကျပ် (၃၄)သိန်းဖြင့် ရန်ကုန်ပို့ဆောင်ပေးမည်ဟု အမျိုးသားတစ်ဦးက ပြောဆိုသဖြင့် ရန်ကုန်သို့သွားရန်အတွက် ကျောက်တော်မှ အမ်းတောင်ခြေသို့ စက်လှေဖြင့် ထွက်ခွာလာခဲ့ပြီး အမ်းတောင်မှ တောလမ်းအတိုင်း ပဒါန်း - မင်းဘူး ကားလမ်းသို့ (၁၇) ရက်ကြာ ခြေကျင်လျှောက်လာခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပဒါန်း-မင်းဘူး ကားလမ်းသို့ မတ်လ(၂၁)ရက်နေ့တွင်ရောက်ရှိလာရာ ပဒါန်းဘက်မှ မင်းဘူးဘက်သို့ မောင်းနှင်လာသည့် ကားကြုံဖြင့် လေးပင်ကျေးရွာအနီးသို့ ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၆)ဦးတွင် နိုင်ငံသားအထောက်အထား မရှိသဖြင့် စကုနယ်မြေရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၃)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~