မေကြးၿမိဳ႕နယ္ က်စ္စံုေပြးေက်းရြာတြင္ မီးၾကြင္းမီးက်န္မွတစ္ဆင့္ မီးကူးစက္ေလာင္ကြ်မ္ျဖစ္ပြားရာ ေနအိမ္(၁၃)လံုးမီးေလာင္ဆံုးရႈံးကာ (၆၁)ဦး မီးေဘးသင့္ခဲ့ရ

မေကြးၿမိဳ႕နယ္ က်စ္စံုေပြးေက်းရြာတြင္ မီးၾကြင္းမီးက်န္မွတစ္ဆင့္ မီးကူးစက္ေလာင္ကြ်မ္ျဖစ္ပြားရာ ေနအိမ္(၁၃)လံုးမီးေလာင္ဆံုးရႈံးကာ (၆၁)ဦး မီးေဘးသင့္ခဲ့ရ
ဧပြီ 21, 2019
By Tachileik News Agency

မေကြးၿမိဳ႕နယ္ က်စ္စံုေပြးေက်းရြာအုပ္စု က်စ္စံုေပြးေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၁)ရက္ နံနက္ပိုင္းကမီးၾကြင္းမီးက်န္မွ တစ္ဆင့္ မီးကူးစက္ေလာင္ကၽြမ္းမႈျဖစ္ပြား၍ ေနအိမ္(၁၃)လံုးႏွင့္ ႏြားတင္းကုတ္(၄)လံုး မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားၿပီး (၆၁)ဦး မီးေဘးသင့္ခဲ့ရေၾကာင္းသိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မေကြးတိုင္းမီးသတ္ဦးစီးမွဴး ဦးေအာင္ဝင္းစိန္ ဦးစီးသည့္ မီးၿငႇိမ္းသတ္ယာဥ္ (၄)စီး၊ မီးသတ္ေရသယ္ယာဥ္(၂)စီး၊ အေထာက္အကူျပဳယာဥ္(၁)စီး၊ Water Mist ယာဥ္(၁)စီး၊ ေညာင္ကန္နယ္ေျမမီးသတ္စခန္းမွ မီးၿငႇိမ္းးသတ္ယာဥ္(၁)စီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္ ေလးတိုင္စင္နယ္ေျမမီးသတ္စခန္း မွ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ ကေမာၻဇအလင္းတန္း လူမႈကူညီေရးအသင္းမွ ေရသယ္ယာဥ္(၂)စီး တို႔ ေရာက္ရိွၿပီး ေက်းရြာ အရန္မီးသတ္မ်ားႏွင့္ ေက်းရြာသူ ေက်းရြာသားမ်ား ဝိုင္းဝန္းၿငႇိမ္းသတ္ၾကသျဖင့္ နံနက္ (၁၁)နာရီ (၁၀)မိနစ္ အခ်ိန္တြင္ မီးထိန္းႏိုင္ခဲ့ကာ (၁၁)နာရီ(၂၅)မိနစ္အခ်ိန္တြင္ မီးလံုးဝၿငိမ္းသြားေၾကာင္း သိရသည္။

ေက်းရြာ အရန္မီးသတ္မ်ားႏွင့္ ေက်းရြာသူေက်းရြာသားမ်ား၏ ဝိုင္းဝန္းႃငွိမ္းသတ္မႈ၊ ရြာဝင္လမ္းေကာင္းမြန္၍  မီးသတ္ယာဥ္ႏွင့္ ေရသယ္ယာဥ္မ်ားအခ်ိန္မီ ေရာက္ရိွၿငႇိမ္းသတ္ႏိုင္မႈတို႔ေၾကာင့္ ေနအိမ္(၁၃) လံုး သာ မီးသင့္ခဲ့ျခင္းျဖစ္ေၾကာင္း မီးသတ္တပ္ဖဲြ႔ဝင္တစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

မီးေလာင္မႈေၾကာင့္  ကေလးမ်ားအပါအ၀င္ စုစုေပါင္း (၆၁)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ကာ နီးစပ္ရာေဆြမ်ိဳးမ်ား၏ ေနအိမ္မ်ား၌ ေခတၱခိုလံႈေနထိုင္ေနရၿပီး မီးစတင္ေလာင္ကၽြမ္းခဲ့သည့္ အိမ္ရွင္ ဦးလွေသာင္းအား ေညာင္ကန္ နယ္ေျမရဲစခန္းမွ (ပ)၁၂/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဧၿပီလ(၁၃)ရက္ေန႔ကလည္း မေကြးၿမိဳ႕နယ္ ၾကာကန္ေက်းရြာအုပ္စု ႀကိဳ႕ပင္အင္းေက်းရြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ရြာဝင္လမ္းေကာင္းမြန္မႈ မရိွသျဖင့္ မီးသတ္ယာဥ္ႏွင့္ ေရသယ္ယာဥ္မ်ား ဝင္ေရာက္ရန္ ခက္ခဲခဲ့၍ ေနအိမ္(၃၂)လံုး မီးေလာင္ကၽြမ္းကာ မီးေဘးသင့္ျပည္သူ (၁၁၅)ဦးထိ ရိွခဲ့ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - ပရဟိတအဖြဲ႔

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့နယ် ကျစ်စုံပွေးကျေးရွာအုပ်စု ကျစ်စုံပွေးကျေးရွာတွင် ၂၀၁၉ခုနှစ် ဧပြီလ(၂၁)ရက် နံနက်ပိုင်းကမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ်(၁၃)လုံးနှင့် နွားတင်းကုတ်(၄)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး (၆၁)ဦး မီးဘေးသင့်ခဲ့ရကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မကွေးတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီးသည့် မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ Water Mist ယာဉ်(၁)စီး၊ ညောင်ကန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြို့သစ်မြို့နယ် လေးတိုင်စင်နယ်မြေမီးသတ်စခန်း မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကမော္ဘဇအလင်းတန်း လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး တို့ ရောက်ရှိပြီး ကျေးရွာ အရန်မီးသတ်များနှင့် ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် နံနက် (၁၁)နာရီ (၁၀)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ (၁၁)နာရီ(၂၅)မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

ကျေးရွာ အရန်မီးသတ်များနှင့် ကျေးရွာသူကျေးရွာသားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှု၊ ရွာဝင်လမ်းကောင်းမွန်၍ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များအချိန်မီ ရောက်ရှိငြှိမ်းသတ်နိုင်မှုတို့ကြောင့် နေအိမ်(၁၃) လုံး သာ မီးသင့်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုကြောင့် ကလေးများအပါအဝင် စုစုပေါင်း (၆၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များ၌ ခေတ္တခိုလှုံနေထိုင်နေရပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ရှင် ဦးလှသောင်းအား ညောင်ကန် နယ်မြေရဲစခန်းမှ (ပ)၁၂/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဧပြီလ(၁၃)ရက်နေ့ကလည်း မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု ကြို့ပင်အင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွာဝင်လမ်းကောင်းမွန်မှု မရှိသဖြင့် မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ ဝင်ရောက်ရန် ခက်ခဲခဲ့၍ နေအိမ်(၃၂)လုံး မီးလောင်ကျွမ်းကာ မီးဘေးသင့်ပြည်သူ (၁၁၅)ဦးထိ ရှိခဲ့ကြောင်း သိရသည်။မကွေးမြို့နယ် ကျစ်စုံပွေးကျေးရွာအုပ်စု ကျစ်စုံပွေးကျေးရွာတွင် ၂၀၁၉ခုနှစ် ဧပြီလ(၂၁)ရက် နံနက်ပိုင်းကမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ်(၁၃)လုံးနှင့် နွားတင်းကုတ်(၄)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး (၆၁)ဦး မီးဘေးသင့်ခဲ့ရကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မကွေးတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီးသည့် မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ Water Mist ယာဉ်(၁)စီး၊ ညောင်ကန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြို့သစ်မြို့နယ် လေးတိုင်စင်နယ်မြေမီးသတ်စခန်း မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကမော္ဘဇအလင်းတန်း လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး တို့ ရောက်ရှိပြီး ကျေးရွာ အရန်မီးသတ်များနှင့် ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် နံနက် (၁၁)နာရီ (၁၀)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ (၁၁)နာရီ(၂၅)မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

ကျေးရွာ အရန်မီးသတ်များနှင့် ကျေးရွာသူကျေးရွာသားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှု၊ ရွာဝင်လမ်းကောင်းမွန်၍ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များအချိန်မီ ရောက်ရှိငြှိမ်းသတ်နိုင်မှုတို့ကြောင့် နေအိမ်(၁၃) လုံး သာ မီးသင့်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုကြောင့် ကလေးများအပါအဝင် စုစုပေါင်း (၆၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များ၌ ခေတ္တခိုလှုံနေထိုင်နေရပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ရှင် ဦးလှသောင်းအား ညောင်ကန် နယ်မြေရဲစခန်းမှ (ပ)၁၂/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဧပြီလ(၁၃)ရက်နေ့ကလည်း မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု ကြို့ပင်အင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွာဝင်လမ်းကောင်းမွန်မှု မရှိသဖြင့် မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ ဝင်ရောက်ရန် ခက်ခဲခဲ့၍ နေအိမ်(၃၂)လုံး မီးလောင်ကျွမ်းကာ မီးဘေးသင့်ပြည်သူ (၁၁၅)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ပရဟိတအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net