ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ်(၅၄)စစ်တပ်အနီးရှိ ရပ်ကွက်ရုံးမီးလောင်

ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ်(၅၄)စစ်တပ်အနီးရှိ ရပ်ကွက်ရုံးမီးလောင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ်(၅၄)စစ်တပ်အနီးရှိ ဒေါတမရပ်ကွက်၏ ရပ်ကွက်ရုံးတွင် ယနေ့ ဧပြီလ(၂၅)ရက်နေ့ ည(၁၁) နာရီကျော်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

 

လွိုင်ကော်မြို့ ၊ ဒေါတမရပ်ကွက်ရုံး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် အနီးရှိ ရပ်ကွက်နေပြည်သူများ နှင့် မီးသတ်တပ်ဖွဲ့များမှ လာရောက်ငြိမ်းသတ်ခဲ့သောကြောင့်  (၁၁)နာရီ မိနစ်(၄၀)ဝန်းကျင်တွင်  မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

ရပ်ကွက်ရုံးမီးလောင်ခဲ့ခြင်းကြောင့် ရုံးအဆောက်အအုံ ပျက်စီး ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုများ မရှိသော်လည်း ၎င်း ရပ်ကွက်ရုံးအနီးအနားရှိ ဈေးဆိုင်အချို့မှာတော့ ပစ္စည်များ ရွေ့ပြောင်းထားခဲ့ရကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းအရင်းကို မသိရသေး၍ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း၌ ကယားပြည်နယ်တွင် ရပ်ကွက်ရုံးမီးလောင်မှုမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။