မုန္႔တုိက္မ်ားတြင္ ယာယီတားျမစ္ထားသည့္ တရုတ္ႏုိင္ငံမွ အသင့္စားၾကက္သားမွ်င္မ်ားမွာ စားသံုးရန္ ေဘးကင္းေၾကာင္း ဓါတ္ခြဲခန္းအေျဖရရိွ

မုန္႔တုိက္မ်ားတြင္ ယာယီတားျမစ္ထားသည့္ တရုတ္ႏုိင္ငံမွ အသင့္စားၾကက္သားမွ်င္မ်ားမွာ စားသံုးရန္ ေဘးကင္းေၾကာင္း ဓါတ္ခြဲခန္းအေျဖရရိွ
ဧပြီ 30, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊  လားရိႈးၿမိဳ႕ရွိ မုန္႔တိုက္မ်ားတြင္ အသံုးျပဳေနသည့္ တရုတ္ႏိုင္ငံမွတင္သြင္းသည့္ အသင့္စားၾကက္သားမ်ွင္မ်ားမွာ စားသံုးရန္မသင့္ဟု စားသံုးသူေရးရာဦးစီးဌာနက သံသယရွိသည့္အတြက္ ဓါတ္ခြဲခန္းေပးပို႔စစ္ေဆးရာ ဝါဂြမ္းမွ်င္မပါဝင္ေၾကာင္း  ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)က ဓါတ္ခြဲခန္းအေျဖထြက္လာေၾကာင္း သိရသည္။

" စနစ္တက်စမ္းသပ္စစ္ေဆးၾကည့္ၿပီးတဲ့အခါမွာ အဲဒီၾကက္သားမွ်င္ေတြက ဝါဂြမ္းနဲ႔လုပ္ထားတာမဟုတ္ပါဘူး။ ပရိုတင္းပါဝင္တဲ့ ၾကက္သားမွ်င္ျဖစ္ပါတယ္။ အဲဒီတုန္းကေတာ့ စားသံုးသူေရးရာဦးစီးဌာနက ရုတ္တရက္ စစ္ေဆးတဲ့အခါမွာ ျမင္ရတဲ့သေဘာတရားအရ သံသယရွိတဲ့အတြက္ သူတို႔က အကူညီေတာင္းလို႔ က်ြန္ေတာ္ တို႔က ဓါတ္ခြဲစစ္ေဆးေပးတာျဖစ္ပါတယ္။ အေျဖအရေတာ့ ဝါဂြမ္းမ်ွင္ေတြနဲ႔လုပ္ထားတာမဟုတ္ပါဘူး " ဟု လားရိႈးခရိုင္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန မွ ခရိုင္ဦးစီးအရာရွိ ေဒါက္တာမ်ိဳးေဇာ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ဧၿပီလ (၃၀) ရက္ေန႔တြင္ ေျပာသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလက ဓါတ္ခြဲစစ္ေဆးရန္ ပို႔ေဆာင္ ထားခဲ့ရာ ဧၿပီလ (၃၀) ရက္ေန႔တြင္ ဓါတ္ခြဲစစ္ေဆးစမ္းသပ္မႈအေျဖရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္က ဖမ္းဆီးရမိထားေသာ အသင့္စားၾကက္သားမွ်င္မ်ားတြင္  ဝါဂြမ္းစမ်ားပါဝင္သည္ဟု သံသယရိွသည့္အတြက္ ဓါတ္ခြဲခန္းနမူနာပို႔ေဆာင္ၿပီး လားရိႈးၿမိဳ႕အတြင္းရွိ မုန္႔လုပ္ငန္းမ်ားတြင္ အဆိုပါၾကက္သားမွ်င္မ်ား ထည့္သြင္းအသံုးျပဳေနျခင္းကို ယာယီတားျမစ္ခဲ့ျခင္းျဖစ္သည္။

"ဝါဂြမ္းစေတြပါဝင္ေနတယ္လို႔ သံသယရွိတဲ့အတြက္ စစ္ေဆးမႈျပဳလုပ္ဖို႔ ေစာင့္ဆိုင္းေနစဥ္ကာလအတြင္ ဆက္လက္ မသံုးျပဳဖို႔တားျမစ္ထားခဲ့တာရွိတယ္။ အခုအေျဖအရ ဝါဂြမ္းေတြမဟုတ္ဘူးလို႔ သိရတဲ့အတြက္ အဲ့ဒီ မုန္႔တိုက္ေတြ ဆက္ၿပီးအသံုးျပဳလုိ႔ရၿပီ ဆိုတာကို ျပန္ၿပီးအေၾကာင္း ၾကားေပးမွာျဖစ္ပါတယ္" ဟု ၄င္းၾကက္သားမွ်င္မ်ားအသံုးျပဳေနျခင္းကို စစ္ေဆးခဲ့သည့္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ ဦးစီးမွဴးရံုး (လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

၄င္းအသင့္စားၾကက္သားမွ်င္မ်ားအား ဖမ္းဆီးရမိစဥ္က ေရျဖင့္စိမ္၍စစ္ေဆးခဲ့ရာ အေရာင္ဆိုးေဆးမ်ား အမ်ားအျပား အသံုးျပဳထားသည့္အတြက္ ေရတြင္အေရာင္ေျပာင္းသြားၿပီး ဆြဲျဖတ္၍မရသည့္ အမွ်င္မ်ားေတြ႔ရသျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မုန့်တိုက်များတွင် ယာယီတားမြစ်ထားသည့် တရုတ်နိုင်ငံမှ အသင့်စားကြက်သားမျှင်များမှာ စားသုံးရန် ဘေးကင်းကြောင်း ဓါတ်ခွဲခန်းအဖြေရရှိ
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊  လားရှိုးမြို့ရှိ မုန့်တိုက်များတွင် အသုံးပြုနေသည့် တရုတ်နိုင်ငံမှတင်သွင်းသည့် အသင့်စားကြက်သားမျှင်များမှာ စားသုံးရန်မသင့်ဟု စားသုံးသူရေးရာဦးစီးဌာနက သံသယရှိသည့်အတွက် ဓါတ်ခွဲခန်းပေးပို့စစ်ဆေးရာ ဝါဂွမ်းမျှင်မပါဝင်ကြောင်း  ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)က ဓါတ်ခွဲခန်းအဖြေထွက်လာကြောင်း သိရသည်။

" စနစ်တကျစမ်းသပ်စစ်ဆေးကြည့်ပြီးတဲ့အခါမှာ အဲဒီကြက်သားမျှင်တွေက ဝါဂွမ်းနဲ့လုပ်ထားတာမဟုတ်ပါဘူး။ ပရိုတင်းပါဝင်တဲ့ ကြက်သားမျှင်ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ စားသုံးသူရေးရာဦးစီးဌာနက ရုတ်တရက် စစ်ဆေးတဲ့အခါမှာ မြင်ရတဲ့သဘောတရားအရ သံသယရှိတဲ့အတွက် သူတို့က အကူညီတောင်းလို့ ကျွန်တော် တို့က ဓါတ်ခွဲစစ်ဆေးပေးတာဖြစ်ပါတယ်။ အဖြေအရတော့ ဝါဂွမ်းမျှင်တွေနဲ့လုပ်ထားတာမဟုတ်ပါဘူး " ဟု လားရှိုးခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါက်တာမျိုးဇော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၃၀) ရက်နေ့တွင် ပြောသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလက ဓါတ်ခွဲစစ်ဆေးရန် ပို့ဆောင် ထားခဲ့ရာ ဧပြီလ (၃၀) ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးစမ်းသပ်မှုအဖြေရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးရမိထားသော အသင့်စားကြက်သားမျှင်များတွင်  ဝါဂွမ်းစများပါဝင်သည်ဟု သံသယရှိသည့်အတွက် ဓါတ်ခွဲခန်းနမူနာပို့ဆောင်ပြီး လားရှိုးမြို့အတွင်းရှိ မုန့်လုပ်ငန်းများတွင် အဆိုပါကြက်သားမျှင်များ ထည့်သွင်းအသုံးပြုနေခြင်းကို ယာယီတားမြစ်ခဲ့ခြင်းဖြစ်သည်။

"ဝါဂွမ်းစတွေပါဝင်နေတယ်လို့ သံသယရှိတဲ့အတွက် စစ်ဆေးမှုပြုလုပ်ဖို့ စောင့်ဆိုင်းနေစဉ်ကာလအတွင် ဆက်လက် မသုံးပြုဖို့တားမြစ်ထားခဲ့တာရှိတယ်။ အခုအဖြေအရ ဝါဂွမ်းတွေမဟုတ်ဘူးလို့ သိရတဲ့အတွက် အဲ့ဒီ မုန့်တိုက်တွေ ဆက်ပြီးအသုံးပြုလို့ရပြီ ဆိုတာကို ပြန်ပြီးအကြောင်း ကြားပေးမှာဖြစ်ပါတယ်" ဟု ၄င်းကြက်သားမျှင်များအသုံးပြုနေခြင်းကို စစ်ဆေးခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

၄င်းအသင့်စားကြက်သားမျှင်များအား ဖမ်းဆီးရမိစဉ်က ရေဖြင့်စိမ်၍စစ်ဆေးခဲ့ရာ အရောင်ဆိုးဆေးများ အများအပြား အသုံးပြုထားသည့်အတွက် ရေတွင်အရောင်ပြောင်းသွားပြီး ဆွဲဖြတ်၍မရသည့် အမျှင်များတွေ့ရသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net