သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံု၏ (၄၄)ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္ကုသမႈတြင္ ရပ္ေဝးမွကုသလိုသူမ်ား ႀကိဳတင္စာရင္းေပးသြင္းနိုင္ၿပီ

သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံု၏ (၄၄)ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္ကုသမႈတြင္ ရပ္ေဝးမွကုသလိုသူမ်ား ႀကိဳတင္စာရင္းေပးသြင္းနိုင္ၿပီ
ဧပြီ 26, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕  သီတဂူစကၡဳဒါနေဆးရံု၌ ၂၀၁၉ ခုႏွစ္၊ ေမလ (၂၁)ရက္ေန႔မွ ၂၆ ရက္ေန႔အထိ( ၄၄ )ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္ ကုသေပးမည္ျဖစ္၍ ရပ္ေဝးေဒသမွ မ်က္စိေဝဒနာရွင္မ်ားအေနျဖင့္ ႀကိဳတင္စာရင္းေပးသြင္းထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

"အေဝးေဒသကလာမယ့္ ေဝဒနာရွင္ေတြအေနနဲ႔ ႀကိဳတင္စာရင္းေပးသြင္းထားလို႔ရပါတယ္။ အေကာင္းဆံုးက ေတာ့ ေမလ (၂၁) ရက္ေန႔မွာ သီတဂူ စကၡဳဒါနေဆးရံုေတာ္(သီေပါ)ကို အေရာက္လာႏိုင္ရင္ပိုေကာင္းပါတယ္။ စမ္းသပ္တာေတြ၊ ကုသတာေတြအားလံုးကို အခမဲ့လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္" ဟု သီတဂူစကၡဳဒါနေဆးရံု ေတာ္ (သီေပါ)မွ ဆရာေတာ္ ဥဴးပညာသီရိ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မ်က္စိေဝဒနာရွင္မ်ားကို ၂၀၁၉ ခုနွစ္၊ ေမလ (၂၁) ရက္ေန႔တြင္ စတင္စမ္းသပ္ေပးမည္ျဖစ္ၿပီး ကုသရန္လိုအပ္သူမ်ား၊ ခြဲစိပ္ ကုသရန္လိုအပ္သူမ်ားကို ေမလ (၂၂) ရက္ေန႔မွ (၂၅) ရက္ေန႔အထိ မ်က္စိႏွင့္ပတ္သက္သည့္ကုသမႈက်ြမ္းက်င္ေသာ ဆရာဝန္ႀကီးမ်ားက ကုသမႈမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕ ရွိ မဟာျမတ္မုနိဘုရားႀကီးဝန္းအတြင္းရွိ သီတဂူစကၡဳဒါနေဆးရံုေတာ္(သီေပါ)တြင္ အနယ္နယ္ အရပ္ရပ္မွ မ်က္စိေဝဒနာရွင္မ်ားအား သံုးလလွ်င္တစ္ႀကိမ္ အခမဲ့စမ္းသပ္မႈ၊ ကုသမႈမ်ား ျပဳလုပ္ေပးခဲ့ရာ ၿပီးခဲ့သည့္ (၄၃) ႀကိမ္ေျမာက္တြင္ လူဦးေရ (၈၄၂) ဦးကို စမ္းသပ္ေပးခဲ့ၿပီး (၂၂၃) ဦးကို ခြဲစိတ္ကုသေပးခဲ့ကာ ပထမအႀကိမ္မွ (၄၃) ႀကိမ္အထိ (၂၅၈၄၈) ဦးကို စမ္းသပ္ေပးခဲ့ၿပီး (၅၃၉၁) ဦးကိုခြဲစိတ္ကုသေပးႏိုင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

(၄၄) ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္မႈ၊ ကုသမႈတို႔ အတြက္ မ်က္စိကုသက်ြမ္းက်င္သူ ဆရာဝန္ႀကီး (၄) ဦး လာေရာက္ကုသေပးမည္ျဖစ္ၿပီး မ်က္စိေဝဒနာရွင္မ်ားလာေရာက္ကုသလိုပါက ဖုန္းနံပါတ္ 09-5278137 သို႔ ဆက္သြယ္၍ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၏ (၄၄)ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ်ကုသမှုတွင် ရပ်ဝေးမှကုသလိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံ၌ ၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့မှ ၂၆ ရက်နေ့အထိ( ၄၄ )ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ် ကုသပေးမည်ဖြစ်၍ ရပ်ဝေးဒေသမှ မျက်စိဝေဒနာရှင်များအနေဖြင့် ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

"အဝေးဒေသကလာမယ့် ဝေဒနာရှင်တွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်းထားလို့ရပါတယ်။ အကောင်းဆုံးက တော့ မေလ (၂၁) ရက်နေ့မှာ သီတဂူ စက္ခုဒါနဆေးရုံတော်(သီပေါ)ကို အရောက်လာနိုင်ရင်ပိုကောင်းပါတယ်။ စမ်းသပ်တာတွေ၊ ကုသတာတွေအားလုံးကို အခမဲ့လုပ်ဆောင်ပေးမှာဖြစ်ပါတယ်" ဟု သီတဂူစက္ခုဒါနဆေးရုံ တော် (သီပေါ)မှ ဆရာတော် ဥူးပညာသီရိ က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မျက်စိဝေဒနာရှင်များကို ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် စတင်စမ်းသပ်ပေးမည်ဖြစ်ပြီး ကုသရန်လိုအပ်သူများ၊ ခွဲစိပ် ကုသရန်လိုအပ်သူများကို မေလ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့အထိ မျက်စိနှင့်ပတ်သက်သည့်ကုသမှုကျွမ်းကျင်သော ဆရာဝန်ကြီးများက ကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့ ရှိ မဟာမြတ်မုနိဘုရားကြီးဝန်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်(သီပေါ)တွင် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား သုံးလလျှင်တစ်ကြိမ် အခမဲ့စမ်းသပ်မှု၊ ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြီးခဲ့သည့် (၄၃) ကြိမ်မြောက်တွင် လူဦးရေ (၈၄၂) ဦးကို စမ်းသပ်ပေးခဲ့ပြီး (၂၂၃) ဦးကို ခွဲစိတ်ကုသပေးခဲ့ကာ ပထမအကြိမ်မှ (၄၃) ကြိမ်အထိ (၂၅၈၄၈) ဦးကို စမ်းသပ်ပေးခဲ့ပြီး (၅၃၉၁) ဦးကိုခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

(၄၄) ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ်မှု၊ ကုသမှုတို့ အတွက် မျက်စိကုသကျွမ်းကျင်သူ ဆရာဝန်ကြီး (၄) ဦး လာရောက်ကုသပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များလာရောက်ကုသလိုပါက ဖုန်းနံပါတ် 09-5278137 သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net