
ဧပွီ 9, 2019
By 🌸





Tachileik News Agency
Ref: CNN, US Today

~~~~~~~~⊰❂ Unicode Version ~~~~~~~~
CNN ၏ သတင်းတင်ဆက်သူက လိင်တူချစ်သူနှင့် စေ့စပ်လိုက်ကြောင်း ထုတ်ဖေါ်ကြေညာ
***********
CCNN ၏သတင်းတင်ဆက်သူ ဒွန်လီမွန်က လိင်တူချစ်သူ တင်မ်မလုန်းနှင့် စေ့စပ်ကြောင်းလမ်းခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့က ကြေညာလိုက်ကြောင်း CNN ကသတင်းဖေါ်ပြသည်။

တင်မ်မလုန်း၏မွေးနေ့တွင် ၎င်းတို့နှစ်ဦး၏ ခွေးနှစ်ကောင်လည်ပတ်ပြားမှတစ်ဆင့် လက်ထပ်ခွင့်တောင်းထားခြင်းကို ဒွန်လီမွန်က လက်ခံလိုက်ခြင်းဖြစ်ကြောင်း အင်စတာဂရမ်တွင် ဖေါ်ပြထားပြီးနောက် ၎င်းတို့အား လူမှုကွန်ယက်စာမျက်နှာမှ ဂုဏ်ပြုစကားပြောသူများတွင် နာမည်ကျော်များစွာ ပါဝင်ကြောင်း သိရသည်။

အသက် (၅၃)နှစ်အရွယ် CNN သတင်းတင်ဆက်သူနှင့် နယူးယော့အိမ်ခြံမြေအကျိုးဆောင်တို့ စေ့စပ်လိုက်ကြောင်း အင်စတာဂရမ်တွင် တင်ထားပြီးနောက် ကမ္ဘာ့သတင်းဌာနများတွင် အဆိုပါသတင်းကို ဖေါ်ပြလာကြခြင်းဖြစ်သည်။

ဒွန်လီမွန်နှင့် တင်မ်မလုန်းတို့နှစ်ဦးသည် ၂၀၁၆ ခုနှစ်တွင် နယူးယော့တွင် တွေ့ဆုံခဲ့ကြပြီး စတင်တွဲဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဒွန်လီမွန်သည် CNN တွင် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလမှစ၍ အလုပ်ဝင်ခဲ့ခြင်းဖြစ်ပြီး CNN Tonight with Don Lemon အစီအစဉ်၏ တင်ဆက်သူတစ်ဦးဖြစ်သည်။

Tachileik News Agency
Ref: CNN, US Today

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net