မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်  ရာထူးတာဝန်မှ နှုတ်ထွက်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌ တာဝန်မှ နှုတ်ထွက်စာတင်ထားသည့် အသက်(၆၈)နှစ်ရှိ ဦးညီညီထွန်းလွင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌ တာဝန်မှ နှုတ်ထွက်စာတင်ထားသည့် အသက်(၆၈)နှစ်ရှိ ဦးညီညီထွန်းလွင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်  ရာထူးတာဝန်မှ နှုတ်ထွက်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌ တာဝန်ကို ယူထားသည့် အသက်(၆၈)နှစ်ရှိ ဦးညီညီထွန်းလွင်သည် လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်လျော်တော့သည့်အတွက် တာဝန်မှ နှုတ်ထွက်အနားယူခွင့်ပြုရန် ၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့ ရက်စွဲဖြင့် တင်ပြလာသည့် စာကို လက်ခံရရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မေလ(၁၁)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားရှိသည်။

ဦးညီညီထွန်းလွင် နှုတ်ထွက်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက

၁၁.၅.၂၀၂၁ နေ့တွင်ပြုလုပ်သော အထူးအစည်းအဝေးအမှတ် ၃/၂၀၂၁ မှ လက်ခံအတည်ပြုပါသည်။

ဟုသာ ၂၀၂၁ခုနှစ် မေလ(၁၁)ရက်နေ့ နေ့လည်(၁း၄၆)နာရီအချိန်က အသိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(Myanmar Motion Picture Organization)တွင် ဥက္ကဌများအဖြစ် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ဦးကြည်စိုးထွန်း၊ ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဦးမြင့်သိန်းဖေ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဦးဇင်ဝိုင်း၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ဦးလူမင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဦးညီညီထွန်းလွင်တို့ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။