ဝါရွင္တန္ဒီစီ ခ်ယ္ရီပန္းပြဲေတာ္သို႔ လာေရာက္ၾကည့္ရႈသူမ်ားျပား

ဝါရွင္တန္ဒီစီ ခ်ယ္ရီပန္းပြဲေတာ္သို႔ လာေရာက္ၾကည့္ရႈသူမ်ားျပား
ဧပြီ 5, 2019
By 🌸
အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီတြင္ ၂၀၁၉ ခုႏွစ္အတြင္း ခန္႔မွန္းထားသည္ထက္ေစာ၍ ခ်ယ္ရီမ်ားေဝေဝဆာဆာပြင့္လာၾကၿပီး ႏုိင္ငံတကာခရီးသြားမ်ားအပါအဝင္ ခ်ယ္ရီပြဲေတာ္လာေရာက္ၾကည့္ရႈသူမ်ားျဖင့္ စည္ကားေနၿပီျဖစ္သည္။

ခ်ယ္ရီပန္းမ်ားသည္ ဧၿပီလ (၁)ရက္ေန႔မွစ၍ ပင္လံုးကၽြတ္ပြင့္ဖူးလာၾကျခင္းျဖစ္ၿပီး (၇)ရက္သို႔မဟုတ္ (၁၀)ရက္ခန္႔အထိရိွ ေဝေဝဆာဆာရိွႏုိင္ေၾကာင္း ဝါရွင္တန္ဒီစီရိွ ျပည္သူ႔ရင္ျပင္ႏွင့္ အထိမ္းအမွတ္ပန္းၿခံ တာဝန္ရိွသူမ်ားက ခန္႔မွန္းထားသည္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ေတာ္ဝန္  ယူကီအိုဇကိက ဝါရွင္တန္သို႔ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး လက္ေဆာင္အျဖစ္ေပးအပ္ထားသည့္ ဂ်ပန္ခ်ယ္ရီပင္မ်ားကို National Mall and Memorial Parks တြင္ စိုက္ပ်ိဳးထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဝါရှင်တန်ဒီစီ ချယ်ရီပန်းပွဲတော်သို့ လာရောက်ကြည့်ရှုသူများပြား
*************
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီတွင် ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းထားသည်ထက်စော၍ ချယ်ရီများဝေဝေဆာဆာပွင့်လာကြပြီး နိုင်ငံတကာခရီးသွားများအပါအဝင် ချယ်ရီပွဲတော်လာရောက်ကြည့်ရှုသူများဖြင့် စည်ကားနေပြီဖြစ်သည်။

ချယ်ရီပန်းများသည် ဧပြီလ (၁)ရက်နေ့မှစ၍ ပင်လုံးကျွတ်ပွင့်ဖူးလာကြခြင်းဖြစ်ပြီး (၇)ရက်သို့မဟုတ် (၁၀)ရက်ခန့်အထိရှိ ဝေဝေဆာဆာရှိနိုင်ကြောင်း ဝါရှင်တန်ဒီစီရှိ ပြည်သူ့ရင်ပြင်နှင့် အထိမ်းအမှတ်ပန်းခြံ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ဝန်  ယူကီအိုဇကိက ဝါရှင်တန်သို့ နှစ်နိုင်ငံချစ်ကြည်ရေး လက်ဆောင်အဖြစ်ပေးအပ်ထားသည့် ဂျပန်ချယ်ရီပင်များကို National Mall and Memorial Parks တြင္ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net