မေကြးတုိင္းအတြင္း (၄)ခုေျမာက္အဆင့္ျမင့္ ရုပ္ရွင္ရံုအျဖစ္ ေခ်ာက္ၿမိဳ႕ ေတာ္ဝင္နန္းရုပ္ရွင္ရံု ဖြင့္လွစ္

မေကြးတုိင္းအတြင္း (၄)ခုေျမာက္အဆင့္ျမင့္ ရုပ္ရွင္ရံုအျဖစ္ ေခ်ာက္ၿမိဳ႕ ေတာ္ဝင္နန္းရုပ္ရွင္ရံု ဖြင့္လွစ္
နိုဝင်ဘာ 2, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ရုပ္ရွင္ရံုမ်ား အဆင့္ျမႇင့္တင္ေပးျခင္းကို တုိင္းေဒသႀကီးအစိုးရႏွင့္ ျမန္မာ့ရုပ္ရွင္ျမႇင့္တင္ေရးဦးစီးဌာနတို႔က ပူးေပါင္းေဆာင္ရြက္ေနၿပီး (၄)ခုေျမာက္ အဆင့္ျမင့္ ရုပ္ရွင္ရံုအျဖစ္ ေခ်ာက္ၿမိဳ႕ရိွ ေတာ္ဝင္နန္းရုပ္ရွင္ရံုကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂)ရက္ေန႔တြင္ ဖြင့္လွစ္ေပးလုိက္ေၾကာင္း သိရသည္။

အဆိုပါ ရုပ္ရွင္ရံုဖြင့္ပြဲသို႔ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး တက္ေရာက္သည္ကို ေတြ႔ရသည္။


"႐ုပ္​႐ွင္​ရံု​ေတြ ရပ္​နားထားရတာ ​ေတာ္​​ေတာ္​ၾကာခဲ့ပါၿပီ။ အဆင္​့ျမင္​့ ႐ုပ္​ရွင္ရံု​ေတြျပန္​ျဖစ္​လာဖို႔ တိုင္​း ေဒသႀကီးအစိုးရအဖြဲ႔နဲ႔ ျမန္​မာ့႐ုပ္​႐ွင္​ျမႇင္​့တင္​​ေရးဦးစီးဌာနက ကူညီ​​ေပးေနပါတယ္​။ မ​ေကြးတိုင္​းအတြင္​း ႐ုပ္​႐ွင္​ရံု (၉) ရံု ျပန္​လည္​ဖြင္​့လွစ္​မွာျဖစ္​ၿပီး အခုဖြင့္တာက (၄) ရံုေျမာက္ ဖြင့္ႏိုင္တာပါ"​ဟု ျမန္​မာ့႐ုပ္​႐ွင္​ျမႇင္​့ တင္​​ေရး ဦးစီးဌာန ဌာနခြဲမွဴး ဦးလွ​ေက်ာ္​ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။


အမွတ္(၁၀)ကြက္သစ္ အေရွ႕ရပ္ကြက္ရိွ အဆိုပါရုပ္ရွင္ရံုမွာ (၁၀)ႏွစ္ေက်ာ္ ရပ္နားထားခဲ့ရၿပီးေနာက္ ေတာ္ဝင္နန္းအဆင့္ျမင့္ရုပ္ရွင္ရံုအျဖစ္ အဆင့္ျမႇင့္တင္ဖြင့္လွစ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ယခင္က ေခ်ာက္ၿမိဳ႕မွ ရုပ္ရွင္ၾကည့္လိုသူမ်ားအေနျဖင့္ ေက်ာက္ပန္းေတာင္းႏွင့္ ပခုကၠဴၿမိဳ႕မ်ားသို႔ သြားေရာက္ၾကည့္ရႈေနရျခင္းျဖစ္ေၾကာင္း သိရသည္။


 “သူမ်ားၿမိဳ႕ေတြမွာ အဆင့္ျမင့္ရုပ္ရွင္ရံုႀကီးေတြရိွေနၿပီး ကၽြန္ေတာ္တို႔ၿမိဳ႕မွာ မရိွေတာ့ တခုတ္တရနဲ႔ အေဝးႀကီးသြားၿပီး ၾကည့္ေနၾကရတယ္။ အခုလို ကိုယ္ၿမိဳ႕မွာ ဒီလိုရံုႀကီးရိွလာၿပီဆိုေတာ့ ဂုဏ္လည္း ယူတယ္။ ဝမ္းလည္းသာတာေပါ့ဗ်ာ”ဟု ၿမိဳ႕ခံတစ္ဦးျဖစ္သူ ဦးေက်ာ္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။


ေတာ္ဝင္နန္း အဆင့္ျမင့္ရုပ္ရွင္ရံုသစ္ႀကီးတြင္ ရံုဝင္ေၾကး က်ပ္(၁၀၀၀)၊က်ပ္(၁၅၀၀)၊ က်ပ္ (၂၀၀၀)ႏွင့္ အထူးႏွစ္ေယာက္တြဲ က်ပ္(၅၀၀၀) ခြဲျခားသတ္မွတ္ထားၿပီး တစ္ေန႔လွ်င္ (၄)ပဲြ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။


သတင္း၊ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းအတွင်း (၄)ခုမြောက်အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ချောက်မြို့ တော်ဝင်နန်းရုပ်ရှင်ရုံ ဖွင့်လှစ်
***********
မကွေးတိုင်းဒေသကြီးအတွင်း ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ပေးခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေပြီး (၄)ခုမြောက် အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ချောက်မြို့ရှိ တော်ဝင်နန်းရုပ်ရှင်ရုံကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင် ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး တက်ရောက်သည်ကို တွေ့ရသည်။

"ရုပ်ရှင်ရုံတွေ ရပ်နားထားရတာ တော်တော်ကြာခဲ့ပါပြီ။ အဆင့်မြင့် ရုပ်ရှင်ရုံတွေပြန်ဖြစ်လာဖို့ တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ကူညီပေးနေပါတယ်။ မကွေးတိုင်းအတွင်း ရုပ်ရှင်ရုံ (၉) ရုံ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အခုဖွင့်တာက (၄) ရုံမြောက် ဖွင့်နိုင်တာပါ"ဟု မြန်မာ့ရုပ်ရှင်မြှင့် တင်ရေး ဦးစီးဌာန ဌာနခွဲမှူး ဦးလှကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၁၀)ကွက်သစ် အရှေ့ရပ်ကွက်ရှိ အဆိုပါရုပ်ရှင်ရုံမှာ (၁၀)နှစ်ကျော် ရပ်နားထားခဲ့ရပြီးနောက် တော်ဝင်နန်းအဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခင်က ချောက်မြို့မှ ရုပ်ရှင်ကြည့်လိုသူများအနေဖြင့် ကျောက်ပန်းတောင်းနှင့် ပခုက္ကူမြို့များသို့ သွားရောက်ကြည့်ရှုနေရခြင်းဖြစ်ကြောင်း သိရသည်။

 “သူများမြို့တွေမှာ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေရှိနေပြီး ကျွန်တော်တို့မြို့မှာ မရှိတော့ တခုတ်တရနဲ့ အဝေးကြီးသွားပြီး ကြည့်နေကြရတယ်။ အခုလို ကိုယ်မြို့မှာ ဒီလိုရုံကြီးရှိလာပြီဆိုတော့ ဂုဏ်လည်း ယူတယ်။ ဝမ်းလည်းသာတာပေါ့ဗျာ”ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးကျော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တော်ဝင်နန်း အဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးတွင် ရုံဝင်ကြေး ကျပ်(၁၀၀၀)၊ကျပ်(၁၅၀၀)၊ ကျပ် (၂၀၀၀)နှင့် အထူးနှစ်ယောက်တွဲ ကျပ်(၅၀၀၀) ခွဲခြားသတ်မှတ်ထားပြီး တစ်နေ့လျှင် (၄)ပွဲ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~