ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕တြင္ ကေယာအမ်ဳိးသားေန႔ အခမ္းအနားက်င္းပ

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕တြင္ ကေယာအမ်ဳိးသားေန႔ အခမ္းအနားက်င္းပ
ဧပြီ 15, 2019
By Tachileik News Agency

(၅၁)ႏွစ္ေျမာက္ ကေယာအမ်ိဳးသားေန႔ အခမ္းနားအား ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ စံျပ(၆)မိုင္ေက်းရြာရိွ ကေယာဓမၼာရံုတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ နံနက္က က်င္းပသည္။

ကေယာအမ်ိဳးသားေန႔ႏွင့္ ကေယာအမ်ိဳးသား အလံတင္ အခမ္းအနားအား အစီစဥ္ (၁၀)ခုျဖင့္ က်င္းပျခင္းျဖစ္ၿပီး ကယားျပည္နယ္ အစိုးရအဖြဲ႔ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္တြင္း႐ွိ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႔မ်ား၊ တိုင္းရင္းသားမ်ိဳးႏြယ္စုေခါင္းေဆာင္မ်ားႏွင့္ လူငယ္အဖြဲ႔အစည္းမ်ား တက္ေရာက္ၾကသည္။

ကေယာအမ်ိဳးသားအလံေတာ္တင္ျခင္း၊ သက္ဆိုင္ရာေခါင္းေဆာင္မ်ားက မိန္႔ခြန္းေျပာၾကားျခင္းႏွင့္ သဝဏ္လႊာ ဖတ္ၾကားျခင္းမ်ားျပဳလုပ္ကာ ႏွစ္(၅၀)ေျမာက္ကေယာအမ်ိဳးသားေန႔အား ၂၀၁၈ ခုႏွစ္က ဖ႐ူဆိုၿမိဳ႕နယ္၊ ဟိုယာေက်းရြာတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၅၁)နှစ်မြောက် ကယောအမျိုးသားနေ့ အခမ်းနားအား ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာရှိ ကယောဓမ္မာရုံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နံနက်က ကျင်းပသည်။

ကယောအမျိုးသားနေ့နှင့် ကယောအမျိုးသား အလံတင် အခမ်းအနားအား အစီစဉ် (၁၀)ခုဖြင့် ကျင်းပခြင်းဖြစ်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တွင်းရှိ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များနှင့် လူငယ်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ကယောအမျိုးသားအလံတော်တင်ခြင်း၊ သက်ဆိုင်ရာခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းများပြုလုပ်ကာ နှစ်(၅၀)မြောက်ကယောအမျိုးသားနေ့အား ၂၀၁၈ ခုနှစ်က ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net