မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နွေရာသီ ရှမ်းစာနှင့်ရှမ်းစကား သင်တန်း စတင်

မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နွေရာသီ ရှမ်းစာနှင့်ရှမ်းစကား သင်တန်း စတင်
မတျ 25, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နွေရာသီ ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကို ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ရာ မြို့ပေါ် ရပ်ကွက်(၃)ခုတွင် သင်တန်းသား သင်တန်းသား (၁၃၀)ရှိပြီး ကျေးရွာ(၅)ခုတွင်လည်း သင်တန်းသူ သင်တန်းသားအများအပြားရှိရာ သင်ကြားမှု ဆရာ/မ (၂၃)ဦးဖြင့် စတင် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

"ဒီနေ့ စတင်နေကြပြီး ဒီအကြိမ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက သင်ကြားမှု ဆရာ(၁၆)ဦး နဲ့ ဆရာမ (၇)ဦး စုစုပေါင်း (၂၃)ဦးပေါ့ လာသင်ပေးတာ၊ ရှမ်းစာတစ်မျိုးတည်းမဟုတ်ဘဲ၊ အင်္ဂလိပ်စာလည်းသင်ပေးသလို ရှမ်းအကလည်း သင်ပေးတယ်၊ ဆရာ/မ တွေက အင်္ဂလိပ်စာလည်းရတယ် မြန်မာလိုလည်း ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားမဟုတ်တဲ့ သူများလည်း လာရောက်ပြီးတော့ ရှမ်းစာကို သင်ယူချင်တယ်ဆိုရင်လည်း ကြိုဆိုပါတယ်"ဟု တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။


ထို့အတူ တာလေမြို့တွင်လည်း ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကို ညနေပိုင်းက ဖွင့်လှစ်ရာ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း နှင့် သင်တန်းကာလအား  သင်္ကြန်အပြီး မေလ ဒုတိယပတ် ကာလ ၀န်းကျင်အထိ သတ်မှတ်ထားရှိပြီး သင်တန်းကာလများတွင်  ရှမ်းစာနှင့်ရှမ်းစကား သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီး၏ ဖုန်း 09250475005 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အိုက်ပီး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နွေရာသီ ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကို ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ရာ မြို့ပေါ် ရပ်ကွက်(၃)ခုတွင် သင်တန်းသား သင်တန်းသား (၁၃၀)ရှိပြီး ကျေးရွာ(၅)ခုတွင်လည်း သင်တန်းသူ သင်တန်းသားအများအပြားရှိရာ သင်ကြားမှု ဆရာ/မ (၂၃)ဦးဖြင့် စတင် သင်ကြားပေးနပြေီဖြစ်ကြောင်း သိရသည်။

"ဒီနေ့ စတင်နကြပြေီး ဒီအကြိမ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက သင်ကြားမှု ဆရာ(၁၆)ဦး နဲ့ ဆရာမ (၇)ဦး စုစုပေါင်း (၂၃)ဦးပေါ့ လာသင်ပေးတာ၊ ရှမ်းစာတစ်မျိုးတည်းမဟုတ်ဘဲ၊ အင်္ဂလိပ်စာလည်းသင်ပေးသလို ရှမ်းအကလည်း သင်ပေးတယ်၊ ဆရာ/မ တွေက အင်္ဂလိပ်စာလည်းရတယ် မြန်မာလိုလည်း ကျွမ်းကျင်သူတွဖြေစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားမဟုတ်တဲ့ သူများလည်း လာရောက်ပြီးတော့ ရှမ်းစာကို သင်ယူချင်တယ်ဆိုရင်လည်း ကြိုဆိုပါတယ်"ဟု တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျိုင်းလပ်မြို့တွင် သင်တန်းဖွင့်ပွဲအဖြစ် အမှတ်(၁)ရပ်ကွက်ရှိ ဝမ်လုံဘုန်းကြီးကျောင်းတွင် ပြုလုပ်ရာ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် နှင့် တာဝန်ရှိသူများ တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီး နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။

ထို့အတူ တာလမြေို့တွင်လည်း ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကို ညနေပိုင်းက ဖွင့်လှစ်ရာ တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း နှင့် သင်တန်းကာလအား သင်္ကြန်အပြီး မေလ ဒုတိယပတ် ကာလ ဝန်းကျင်အထိ သတ်မှတ်ထားရှိပြီး သင်တန်းကာလများတွင် ရှမ်းစာနှင့်ရှမ်းစကား သင်တန်းသို့ တက်ရောက်လိုသူများအနဖြေင့် တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီး၏ ဖုန်း 09250475005 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အိုက်ပီး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net