လားရိႈးတြင္ ယဥ္ေက်းမႈကြင္းတည္ေဆာက္ႏုိင္ေရး တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာနက စီစဥ္ေပးမည္

လားရိႈးတြင္ ယဥ္ေက်းမႈကြင္းတည္ေဆာက္ႏုိင္ေရး တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာနက စီစဥ္ေပးမည္
ဒီဇင်ဘာ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ တိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔မ်ား၏ စာေပႏွင့္ ယဥ္ေက်းမႈဆိုင္ရာ အစည္းအေဝးႏွင့္ ပြဲလမ္းသဘင္မ်ား က်င္းပႏိုင္မည့္ ယဥ္ေက်းမႈကြင္း တည္ေဆာက္ႏုိင္ေရး အတြက္ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာနက စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"လားရိႈးၿမိဳ႕မွာ တိုင္းရင္းသားယဥ္ေက်းမႈကြင္း မရွိတဲ့အေၾကာင္း တင္ျပလာတာေတြရွိတယ္။ ပိုင္ရွင္လြတ္တဲ့ ေျမေနရာတစ္ခုကို လားရိႈးမွာရွာေဖြၿပီးေတာ့ အရင္ဆံုး တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနပိုင္ ေျမကြက္တစ္ခုကို ဝန္ႀကီးဌာနကေန ေလ်ွာက္ထားေပးမယ္။ ဝန္ႀကီးဌာနပိုင္ျဖစ္ၿပီဆိုေတာ့မွ တိုင္းရင္းသား လူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ရံုးဖြင့္မယ္။ လားရိႈးမွာရွိတဲ့ တိုင္းရင္းသားစာေပနဲ႔ ယဥ္ေက်းမႈအဖြဲ႔အစည္းေတြ အတြက္ အစည္းအေဝးေတြ၊ ရိုးရာယဥ္ေက်းမႈ အခမ္းအနားေတြ က်င္းပျပဳလုပ္ႏိုင္ဖို႔ စီစဥ္ေပးသြားမွာ ျဖစ္ပါတယ္" ဟု လားရိႈးတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔က တိုင္းရင္းသား ယဥ္ေက်းမႈ အဖြဲ႔မ်ားႏွင့္ ေတြ႔ဆုံပြဲ၌ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန ျပည္ေထာင္စု ဒုတိယဝန္ႀကီး ဦးလွေမာ္ဦးက ေျပာသည္။

လားရိႈးၿမိဳ႕ရွိ ဒုတိယျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနအစည္းအေဝးခန္းမ၌ တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စု ဒုတိယဝန္ႀကီး ဦးလွေမာ္ဦး  ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ လားရိႈးၿမိဳ႕ရွိ တိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈ အဖြဲ႔ (၁၀) ဖြ႔ဲတို႔မွွ တာဝန္ရွိသူမ်ား ေတြ႔ဆံုခဲ့ၾကစဥ္ လားရိႈး-နမၼတူ လမ္းဆံုအနီးရွိ တိုင္းရင္းသားယဥ္ေက်းမႈကြင္းေျမေနရာမွာ မူလပိုင္ရွင္ႏွင့္ အျငင္းပြားေနသည့္ကိစၥကို တင္ျပခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေတြ႔ဆံုပြဲတြင္ တိုင္းရင္းသား စာေပသင္ၾကားမႈ၊ ယဥ္ေက်းမႈ ပြဲလမ္း သဘင္အခမ္းအနားမ်ား က်င္းပမႈႏွင့္ တိုင္းရင္းသားမ်ား အိမ္ေထာင္စု၊ မွတ္ပံုတင္ ျပဳလုပ္မႈမ်ားႏွင့္ပတ္သက္၍ ႀကံဳေတြ႔ရသည့္ အခက္အခဲမ်ားကို တင္ျပၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေးနှင့် ပွဲလမ်းသဘင်များ ကျင်းပနိုင်မည့် ယဉ်ကျေးမှုကွင်း တည်ဆောက်နိုင်ရေး အတွက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လားရှိုးမြို့မှာ တိုင်းရင်းသားယဉ်ကျေးမှုကွင်း မရှိတဲ့အကြောင်း တင်ပြလာတာတွေရှိတယ်။ ပိုင်ရှင်လွတ်တဲ့ မြေနေရာတစ်ခုကို လားရှိုးမှာရှာဖွပြေီးတော့ အရင်ဆုံး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် မြေကွက်တစ်ခုကို ဝန်ကြီးဌာနကနေ လျှောက်ထားပေးမယ်။ ဝန်ကြီးဌာနပိုင်ဖြစ်ပြီဆိုတော့မှ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရုံးဖွင့်မယ်။ လားရှိုးမှာရှိတဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေ အတွက် အစည်းအဝေးတွေ၊ ရိုးရာယဉ်ကျေးမှု အခမ်းအနားတွေ ကျင်းပပြုလုပ်နိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု လားရှိုးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့က တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံပွဲ၌ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောသည်။

လားရှိုးမြို့ရှိ ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေးခန်းမ၌ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှမော်ဦး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လားရှိုးမြို့ရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (၁၀) ဖွဲ့တို့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြစဉ် လားရှိုး-နမ္မတူ လမ်းဆုံအနီးရှိ တိုင်းရင်းသားယဉ်ကျေးမှုကွင်းမြေနေရာမှာ မူလပိုင်ရှင်နှင့် အငြင်းပွားနေသည့်ကိစ္စကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းရင်းသား စာပေသင်ကြားမှု၊ ယဉ်ကျေးမှု ပွဲလမ်း သဘင်အခမ်းအနားများ ကျင်းပမှုနှင့် တိုင်းရင်းသားများ အိမ်ထောင်စု၊ မှတ်ပုံတင် ပြုလုပ်မှုများနှင့်ပတ်သက်၍ ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~