ေက်ာက္မဲၿမိဳ႕တြင္ လူမႈေရးအသင္းမ်ားက ဦးေဆာင္ကာ လမ္းေလွ်ာက္သႀကၤန္ က်င္းပမည္

ေက်ာက္မဲၿမိဳ႕တြင္ လူမႈေရးအသင္းမ်ားက ဦးေဆာင္ကာ လမ္းေလွ်ာက္သႀကၤန္ က်င္းပမည္
မတ် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ ပထမဆံုး လမ္းေလွ်ာက္သႀကၤန္ က်င္းပရန္ လူမႈကူညီေရးအသင္းမ်ားက ဦးေဆာင္ၿပီး စည္းရံုးေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။

ၿမိဳ႕ႀကီးမ်ားတြင္ လမ္းေလွ်ာက္သႀကၤန္ပြဲမ်ား ထည့္သြင္းက်င္းပလာေနရာ ေက်ာက္မဲၿမိဳ႕တြင္လည္း ၂၀၁၉ ခုႏွစ္ သႀကၤန္၌ ဗဟိုေစ်းေျမာက္ဘက္တိုက္တန္းလမ္းတြင္ လမ္းေလွ်ာက္သႀကၤန္က်င္းပရန္ စီစဥ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

" မည္သူမဆို ပူးေပါင္း ပါဝင္ဆင္ႏႊဲႏိုင္ပါ တယ္။ လူမႈကူညီေရးအသင္းအဖြဲ႔ေတြက စုစည္းၿပီး ဦးေဆာင္က်င္းပတာ ျဖစ္ပါတယ္။ ဌာနဆိုင္ရာေတြနဲ႔ ၿမိဳ႕မိ ၿမိဳ႕ဖေတြက ပံ့ပိုးပူးေပါင္းပါဝင္တယ္။ ေက်ာက္မဲၿမိဳ႕အတြက္ကေတာ့ ပထမဦးဆံုးလမ္းေလ်ွာက္သႀကၤန္ျဖစ္ပါတယ္" ဟု အျဖဴေရာင္ႏွလံုးသားပရဟိတ လူမႈကူညီေရးအသင္း ဥကၠဌ ဦးျမဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လမ္းေလွ်ာက္သႀကၤန္တြင္ မည္သူမဆို ပူးေပါင္းပါဝင္ႏုိင္ၿပီး ပြဲေတာ္ျဖစ္ေျမာက္ေရးအဖြဲ႔က ေနရာမ်ားသတ္မွတ္ေပးျခင္း၊ ေရရရွိေရး၊ လွ်ပ္စစ္မီး သြယ္တန္းတပ္ဆင္ေရးတို႔ကို စီမံေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး လမ္းေလ်ွာက္သႀကၤန္တြင္ ပါဝင္ဆင္ႏြဲမည့္ အသင္းအဖြဲ႔၊ အဖြဲ႔အစည္းမ်ားက ေရကစားရန္ႏွင့္ စတုဒီသာေကၽြးေမြးျခင္းမ်ားကို ကိုယ္တိုင္စီစဥ္ရမည္ ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းေျမာက္ဘက္ တိုက္တန္း ( Eagle တိုက္တန္း ) တြင္ လမ္းေလ်ွာက္သႀကၤန္ ပြဲေတာ္အား စီစဥ္က်င္းပေပးမည္ျဖစ္ၿပီး ေတာင္ဘက္တိုက္တန္းႏွင့္ ပင္လံုလမ္းမႀကီးဆုံရာေနရာတြင္ ၿမိဳ႕နယ္စည္ပင္သာယာ ေရး ေကာ္မတီ၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီတို႔ပူးေပါင္းစီစဥ္ေပးမည့္ ဗဟိုမ႑ပ္ တစ္ခုပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

လမ္းေလွ်ာက္သႀကၤန္ပြဲေတာ္အတြက္ ပူးေပါင္းပါဝင္လိုသူမ်ားအေနျဖင့္ ဖုန္း 09-961961819၊ 09-403704474 ႏွွင့္ 09-791269040 တို႔သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

သတင္ း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ပထမဆုံး လမ်းလျှောက်သင်္ကြန် ကျင်းပရန် လူမှုကူညီရေးအသင်းများက ဦးဆောင်ပြီး စည်းရုံးဆောင်ရွက်နကြေကြောင်း သိရသည်။

မြို့ကြီးများတွင် လမ်းလျှောက်သင်္ကြန်ပွဲများ ထည့်သွင်းကျင်းပလာနေရာ ကျောက်မဲမြို့တွင်လည်း ၂၀၁၉ ခုနှစ် သင်္ကြန်၌ ဗဟိုဈေးမြောက်ဘက်တိုက်တန်းလမ်းတွင် လမ်းလျှောက်သင်္ကြန်ကျင်းပရန် စီစဉ်နကြခြေင်းဖြစ်ကြောင်း သိရသည်။

" မည်သူမဆို ပူးပေါင်း ပါဝင်ဆင်နွှဲနိုင်ပါ တယ်။ လူမှုကူညီရေးအသင်းအဖွဲ့တွေက စုစည်းပြီး ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ မြို့မိ မြို့ဖတွေက ပံ့ပိုးပူးပေါင်းပါဝင်တယ်။ ကျောက်မဲမြို့အတွက်ကတော့ ပထမဦးဆုံးလမ်းလျှောက်သင်္ကြန်ဖြစ်ပါတယ်" ဟု အဖြူရောင်နှလုံးသားပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းလျှောက်သင်္ကြန်တွင် မည်သူမဆို ပူးပေါင်းပါဝင်နိုင်ပြီး ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က နေရာများသတ်မှတ်ပေးခြင်း၊ ရေရရှိရေး၊ လျှပ်စစ်မီး သွယ်တန်းတပ်ဆင်ရေးတို့ကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွဲမည့် အသင်းအဖွဲ့၊ အဖွဲ့အစည်းများက ရေကစားရန်နှင့် စတုဒီသာကျွေးမွေးခြင်းများကို ကိုယ်တိုင်စီစဉ်ရမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ ဗဟိုဈေးမြောက်ဘက် တိုက်တန်း ( Eagle တိုက်တန်း ) တွင် လမ်းလျှောက်သင်္ကြန် ပွဲတော်အား စီစဉ်ကျင်းပပေးမည်ဖြစ်ပြီး တောင်ဘက်တိုက်တန်းနှင့် ပင်လုံလမ်းမကြီးဆုံရာနေရာတွင် မြို့နယ်စည်ပင်သာယာ ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့ပူးပေါင်းစီစဉ်ပေးမည့် ဗဟိုမဏ္ဍပ် တစ်ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပူးပေါင်းပါဝင်လိုသူများအနဖြေင့် ဖုန်း 09-961961819၊ 09-403704474 နှင့် 09-791269040 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net