တာခ်ီလိတ္ရိွ ဟိုတယ္မ်ား အြန္လိုင္းဧည့္စာရင္းေပးပို႔စနစ္ ေျပာင္းလဲႏိုင္ရန္ ျပင္ဆင္ေနဆဲျဖစ္၍ မစတင္ႏုိင္ေသး

တာခ်ီလိတ္ရိွ ဟိုတယ္မ်ား အြန္လိုင္းဧည့္စာရင္းေပးပို႔စနစ္ ေျပာင္းလဲႏိုင္ရန္ ျပင္ဆင္ေနဆဲျဖစ္၍ မစတင္ႏုိင္ေသး
မတ် 20, 2019
By Tachileik News Agency
ဟိုတယ္မ်ားမွ ေန႔စဥ္ဧည့္သည္စာရင္းအား သက္ဆုိင္ရာဌာနမ်ားသို႔ စာရြက္ျဖင့္ေပးပို႔ေနသည့္ စနစ္အစား အြန္လုိင္းမွ တစ္ၿပိဳင္နက္ေပးပို႔မည့္ စနစ္ကို ေျပာင္းလဲအသံုးျပဳရန္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္မ်ားအား သင္တန္းေပးထားေသာ္လည္း လတ္တေလာတြင္ အေကာင္အထည္ေဖၚႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ စႏုိင္ဖုိ႔ေတာ့ ႀကိဳးစားေနပါၿပီ။ ျပင္ဆင္ေနၾကပါၿပီ။ ဒီလိုပဲ ျဖည္းျဖည္းခ်င္းသြားရမွာေပါ့။ ဒီစနစ္က ကၽြန္ေတာ္တုိ႔ ဟိုတယ္နဲ႔ခရီးကခြင့္ျပဳထားတဲ့ ဟိုတယ္နဲ႔တည္းခိုခန္းေတြမွာ လုပ္မွာပါ။ စည္ပင္ကခြင့္ျပဳတဲ့ ဧည့္ရိပ္သာေတြေတာ့ မပါဘူး”ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး ညႊန္ၾကားမႈဦးစီးဌာန (တာခ်ီလိတ္ရံုးခြဲ)မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေတဇာမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ဆုိင္ရာဌာနမ်ားသို႔ စာရြက္ျဖင့္ ဧည့္စာရင္းတုိင္ၾကားသည့္စနစ္မွာ အခ်ိဳ႕ေနရာမ်ားတြင္ ေငြေၾကးေတာင္းခံျခင္းစသည့္ အဂတိမႈမ်ားရိွေနျခင္း၊ ဌာနဆိုင္ရာမ်ားတြင္ စာရင္းမ်ားစိစစ္ရာ၌ အခက္အခဲမ်ား ရိွေနသျဖင့္ ပိုမိုတိက်သည့္စာရင္းမ်ားျဖစ္ေစရန္ႏွင့္ လုပ္ငန္းေဆာင္ရြက္ရာ၌ ပိုမိုလြယ္ကူေစရန္ အြန္လုိင္းစနစ္ကို ေျပာင္းလဲက်င့္သံုးလာျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုေဆာင္ရြက္ေနတာက ဧည့္စာရင္းတိုင္တာနဲ႔ပတ္သက္ၿပီး စာရြက္ေတြျဖည့္ရတယ္။ သက္ဆိုင္ရာဌာနေတြျဖစ္တဲ့ ဟိုတယ္ခရီးတို႔၊ ရဲတပ္ဖြဲ႕တို႔၊ ေထြအုပ္တို႔ စသည္ျဖင့္ေနရာအသီးသီးေပါ့။ ဟိုတယ္အသီးသီးက ဧည့္စာရင္းတိုင္ၾကားေနရတာေတြရိွပါတယ္။ ေျပာရမယ္ဆိုရင္ လုပ္ငန္းအားျဖင့္ တြင္က်ယ္မႈ မရိွဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ လူကိုယ္တိုင္လိုက္ၿပီး ပို႔ေနရတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဟိုတယ္မ်ားမွ ေန႔စဥ္ဧည့္သည္အဝင္စာရင္းကို သက္ဆုိင္ရာဌာနမ်ားသို႔ အြန္လုိင္းစနစ္ကို ရန္ကုန္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလကတည္းက စတင္ေနၿပီး ၂၀၁၈ ခုႏွစ္တြင္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၌လည္းေကာင္း ၂၀၁၉ ခုႏွစ္တြင္ ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ ေညာင္ေရႊ၊ ကေလာ၊ တာခ်ီလိတ္၊ က်ိဳင္းတံုၿမိဳ႕မ်ားတြင္ စတင္ႏိုင္ရန္ သင္တန္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဧည့္စာရင္းတိုင္ၾကားတာကို စာရြက္နဲ႔ပို႔ရတဲ့ဟာရဲ႕ ကုန္က်စရိတ္ေတြ ျဖစ္ေနတဲ့ဒုကၡေတြကို ကၽြန္ေတာ္နားလည္ပါတယ္။ ကၽြန္ေတာ့္ ကိုယ္ပိုင္ဟိုတယ္လည္းရိွပါတယ္။ ဧည့္စာရင္းပို႔ရတဲ့ဟာကေတာ့ မျဖစ္မေန လိုအပ္ခ်က္အရ ပို႔ေနရပါတယ္။ အဲဒီစာရြက္ေတြကလည္း ဌာနဆိုင္ရာကိုေရာက္သြားတယ္ဆိုရင္ အေပါက္ေဖာက္ၿပီး ဖိုင္တြဲထားလိုက္တယ္ေပါ့။ ဘာမွမျဖစ္ရင္လည္း ဘာမွမျဖစ္ဘူးေပါ့။ ျဖစ္သြားလို႔ရိွရင္ ဧည့္စာရင္းမပို႔မိလို႔ရိွရင္ အဲဒီမွာစၿပီးေတာ့ ျပသနာျဖစ္တာပဲ။ ဧည့္စာရင္းက မပို႔လို႔လည္းမရဘူး ပို႔ရတယ္။ အသံုး၀င္သလားဆိုရင္ အၿမဲတမ္းလည္း အသံုးမ၀င္ဘူး။ ဒါကိုစာရြက္စနစ္အစား အြန္လိုင္းစနစ္နဲ႔ ေျပာင္းလဲက်င့္သံုးတာျဖစ္ပါတယ္"ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ နည္းပညာအၾကံေပး ဦးသာထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ဟိုတယ္ႏွင့္ တည္းခိုခန္းစုစုေပါင္း (၄၁) လံုးရိွသည့္အနက္ အြန္လိုင္းဧည့္စာရင္းတုိင္ၾကားျခင္းသင္တန္းသို႔ ဟိုတယ္ (၁၄)ခုမွ ကိုယ္စားျပဳသူမ်ား တက္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

လက္ရွိတြင္ အြန္လိုင္းဧည့္စာရင္းတုိင္ၾကားသည့္စနစ္ကို ရန္ကုန္ၿမိဳ႕ရိွ ဟိုတယ္ (၃၄၀)ေက်ာ္၊ ကယားျပည္နယ္ရိွ ဟိုတယ္ (၂၇) လံုးႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ဟိုတယ္ (၁၇၀) ေက်ာ္တို႔တြင္ စတင္သံုးစြဲေနၿပီး (၈၀) ရာခိုင္ႏႈန္းေက်ာ္က အဆိုပါ စနစ္ကို အသံုးျပဳေနေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဟိုတယ်များမှ နေ့စဉ်ဧည့်သည်စာရင်းအား သက်ဆိုင်ရာဌာနများသို့ စာရွက်ဖြင့်ပေးပို့နေသည့် စနစ်အစား အွန်လိုင်းမှ တစ်ပြိုင်နက်ပေးပို့မည့် စနစ်ကို ပြောင်းလဲအသုံးပြုရန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဟိုတယ်များအား သင်တန်းပေးထားသော်လည်း လတ်တလောတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ စနိုင်ဖို့တော့ ကြိုးစားနေပါပြီ။ ပြင်ဆင်နကြေပါပြီ။ ဒီလိုပဲ ဖြည်းဖြည်းချင်းသွားရမှာပေါ့။ ဒီစနစ်က ကျွန်တော်တို့ ဟိုတယ်နဲ့ခရီးကခွင့်ပြုထားတဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ လုပ်မှာပါ။ စည်ပင်ကခွင့်ပြုတဲ့ ဧည့်ရိပ်သာတွေတော့ မပါဘူး”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာဌာနများသို့ စာရွက်ဖြင့် ဧည့်စာရင်းတိုင်ကြားသည့်စနစ်မှာ အချို့နေရာများတွင် ငွေကြေးတောင်းခံခြင်းစသည့် အဂတိမှုများရှိနခြေင်း၊ ဌာနဆိုင်ရာများတွင် စာရင်းများစိစစ်ရာ၌ အခက်အခဲများ ရှိနေသဖြင့် ပိုမိုတိကျသည့်စာရင်းများဖြစ်စေရန်နှင့် လုပ်ငန်းဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူစေရန် အွန်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာခြင်းဖြစ်ကြောင်း သိရသည်။

"အခုဆောင်ရွက်နေတာက ဧည့်စာရင်းတိုင်တာနဲ့ပတ်သက်ပြီး စာရွက်တွဖြေည့်ရတယ်။ သက်ဆိုင်ရာဌာနတွဖြေစ်တဲ့ ဟိုတယ်ခရီးတို့၊ ရဲတပ်ဖွဲ့တို့၊ ထွေအုပ်တို့ စသည်ဖြင့်နေရာအသီးသီးပေါ့။ ဟိုတယ်အသီးသီးက ဧည့်စာရင်းတိုင်ကြားနေရတာတွေရှိပါတယ်။ ပြောရမယ်ဆိုရင် လုပ်ငန်းအားဖြင့် တွင်ကျယ်မှု မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ လူကိုယ်တိုင်လိုက်ပြီး ပို့နေရတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟိုတယ်များမှ နေ့စဉ်ဧည့်သည်အဝင်စာရင်းကို သက်ဆိုင်ရာဌာနများသို့ အွန်လိုင်းစနစ်ကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက စတင်နပြေီး ၂၀၁၈ ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌လည်းကောင်း ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ တာချီလိတ်၊ ကျိုင်းတုံမြို့များတွင် စတင်နိုင်ရန် သင်တန်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ဧည့်စာရင်းတိုင်ကြားတာကို စာရွက်နဲ့ပို့ရတဲ့ဟာရဲ့ ကုန်ကျစရိတ်တွေ ဖြစ်နေတဲ့ဒုက္ခတွေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်ဟိုတယ်လည်းရှိပါတယ်။ ဧည့်စာရင်းပို့ရတဲ့ဟာကတော့ မဖြစ်မနေ လိုအပ်ချက်အရ ပို့နေရပါတယ်။ အဲဒီစာရွက်တွေကလည်း ဌာနဆိုင်ရာကိုရောက်သွားတယ်ဆိုရင် အပေါက်ဖောက်ပြီး ဖိုင်တွဲထားလိုက်တယ်ပေါ့။ ဘာမှမဖြစ်ရင်လည်း ဘာမှမဖြစ်ဘူးပေါ့။ ဖြစ်သွားလို့ရှိရင် ဧည့်စာရင်းမပို့မိလို့ရှိရင် အဲဒီမှာစပြီးတော့ ပြသနာဖြစ်တာပဲ။ ဧည့်စာရင်းက မပို့လို့လည်းမရဘူး ပို့ရတယ်။ အသုံးဝင်သလားဆိုရင် အမြဲတမ်းလည်း အသုံးမဝင်ဘူး။ ဒါကိုစာရွက်စနစ်အစား အွန်လိုင်းစနစ်နဲ့ ပြောင်းလဲကျင့်သုံးတာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးသာထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဟိုတယ်နှင့် တည်းခိုခန်းစုစုပေါင်း (၄၁) လုံးရှိသည့်အနက် အွန်လိုင်းဧည့်စာရင်းတိုင်ကြားခြင်းသင်တန်းသို့ ဟိုတယ် (၁၄)ခုမှ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အွန်လိုင်းဧည့်စာရင်းတိုင်ကြားသည့်စနစ်ကို ရန်ကုန်မြို့ရှိ ဟိုတယ် (၃၄၀)ကျော်၊ ကယားပြည်နယ်ရှိ ဟိုတယ် (၂၇) လုံးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဟိုတယ် (၁၇၀) ကျော်တို့တွင် စတင်သုံးစွဲနပြေီး (၈၀) ရာခိုင်နှုန်းကျော်က အဆိုပါ စနစ်ကို အသုံးပြုနေကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net