အာဏာသိမ်းစစ်တပ်၏ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ပေါ်မှ နေအိမ်များ မီးလောင် ပျက်စီး ဆုံးရှုံး

Photo:  PKPF
Photo: PKPF
အာဏာသိမ်းစစ်တပ်၏ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ပေါ်မှ နေအိမ်များ မီးလောင် ပျက်စီး ဆုံးရှုံး
ဇန်နဝါရီ 13, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မိုင်းလုံးရပ်ကွက်မှ လူနေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့် မှတ်တမ်းဓါတ်ပုံများကို PKPF အဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်က ကရင်နီ (ကယား)ပြည်နယ်တွင်း လူနေရပ်ကွက်များကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မလုပ်မီကပင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုက်မှုများလုပ်ခဲ့ပြီး ဇန်နဝါရီလ (၈) ရက်နေ့ကမူ လွိုင်ကော်မြို့ကို တစ်နေကုန်တိုက်ခိုက်မှုအတွင်း သံချပ်ကာကား၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါသုံး၍ တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။



ယင်းအပြင် ဇန်နဝါရီလ (၁၁) ရက်နေ့ကလည်း လွိုင်ကော်မြို့ကို လေကြောင်းမှ (၉)ကြိမ်တိတိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး စစ်တပ်အင်အားဖြင့် အာဏာသိမ်းထားသည့်အဖွဲ့က အာဏာသိမ်းမှုကိုဆန့်ကျင်သည့် တော်လှန်ရေးအား  လေကြောင်းပါသုံး၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများအပါအဝင် ကျင့်ဝတ်မဲ့လုပ်ရပ်များစွာဖြင့် နှိမ်နှင်းနေသည်ကို တွေ့ရသည်။