တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပြီး တိုင်းပြည်အတွက် အသက်ပေးသွားကြသည့် PDF ရဲဘော်နှစ်ဦး ၏ ဈာပန

Photo: DMO-PDF
Photo: DMO-PDF
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပြီး တိုင်းပြည်အတွက် အသက်ပေးသွားကြသည့် PDF ရဲဘော်နှစ်ဦး ၏ ဈာပန
ဖေဖော်ဝါရီ 22, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ ဝီသဲကူးကျေးရွာတွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် ရဲဘော် မောင်ပါစကွာလယ် အောင်ဆန်းနှင့် ရဲဘော်  မောင်စိန်မောင်တို့၏ ဈာပနကို ယနေ့ဖေဖော်ဝါရီလ(၂၂) ရက်တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)၏ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော အသက်(၂၅)နှစ်ရှိ ရဲဘော် မောင်ပါ စကွာလယ် အောင်ဆန်း  နှင့် အသက်(၂၆)နှစ်ရှိ ရဲဘော် မောင်စိန်မောင်အသက် တို့သည်  တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားခဲ့သဖြင့် ဈာပနအခမ်းအနားကို  ဘာသာရေးဓလေ့ထုံးတမ်းနှင့်အညီ ကျင်းပခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

DMO-Local PDF တပ်ဖွဲ့သည်  ရဲဘော်တို့၏ ကျန်ရစ်သောမိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း  ရဲဘော်နှစ်ဦးအား အလေးနီပြု ဦးညွှတ်ကြောင်း ထုတ်ပြန်ထားသည်။