
ဇှနျ 21, 2019
By 🌸



သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ဝင်းမင်းဌေး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရွာငံရေပြာအိုင်အဝင်လမ်းတွင် စိမ်ပန်းပြာပင် (၃၀၀) စိုက်ပျိုး
*************
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရေပြာအိုင်သို့သွားရာအဝင်လမ်းတွင် စိန်ပန်းပြာပင် (၃၀၀) ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က စိုက်ပျိုးပေးကြောင်း သိရသည်။

အဆိုပါကုမ္ပဏီက ရေပြာအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင်အရှည်ကို  ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက်ကတ္တရာလမ်းအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်မှစတင်ခင်းကျင်းပေးနေခြင်းဖြစ်ပြီး လမ်းဘေးဝဲ၊ ယာ စိမ်းလမ်းစိုပြေလှပရေးအတွက် စိန်ပန်းပြာပင်များ စိုက်ပျိုးပေးဖြင်းဖြစ်ကြောင်း သိရသည်။

မိတ္တီလာ - ကလော - တောင်ကြီးလမ်းပိုင်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ကလော - တောင်ကြီးကြား စိန်ပန်းပြာများ အပါအဝင် ရေသင်းဝင် နှင့် ခါတော်မှီ အပင်ပေါင်း (၂၀၀၀၀)တိတိကို ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့အထိ စိုက်ပျိုးထားကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ဝင်းမင်းဌေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net