လားရိႈးနည္းပညာတကၠသိုလ္ေရွ႕တြင္ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚမႈမွာ ေက်ာင္းသားမ်ားအားလံုး၏ သေဘာဆႏၵ မဟုတ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္

လားရိႈးနည္းပညာတကၠသိုလ္ေရွ႕တြင္ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚမႈမွာ ေက်ာင္းသားမ်ားအားလံုး၏ သေဘာဆႏၵ မဟုတ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္
ဒီဇင်ဘာ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ နည္းပညာတကၠသိုလ္ေရွ႕တြင္ ဒီဇင္ဘာလ (၁၇) ရက္ေန႔က တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖၚသည့္ လားရိႈး နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ရွမ္းျပည္နယ္လံုးဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢ)မွ ေက်ာင္းသား၏ ေတာင္းဆိုခ်က္မ်ားမွာ နည္းပညာ တကၠသိုလ္ ေက်ာင္းသားအားလံုး၏ သေဘာဆႏၵ မပါဝင္ေၾကာင္း နည္းပညာတကၠသိုလ္လားရႈိး ေက်ာင္းသားမ်ားသမဂၢက ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

"သပိတ္ေမွာက္တာနဲ႔ ပတ္သက္ၿပီး နည္းပညာတကၠသိုလ္က ေက်ာင္းသူေက်ာင္းသား တစ္ဦးတစ္ေယာက္ကိုမွ သူက တိုင္ပင္ျခင္း မရွိခဲ့ဘူး။ ေတာင္းဆိုေနတဲ့ အခ်က္ေတြထဲမွာလည္း မွားေနတဲ့ အခ်က္ေတြပါတယ္။ ေက်ာင္းအတြက္ လိုအပ္ခ်က္ေတြကေတာ့ ရွိတယ္။ အဲဒီထက္မက အေရးႀကီးတဲ့ လုိအပ္ခ်က္ေတြရွိတယ္။ အခုဟာက ေခါင္းစဥ္တပ္ခ်င္ရာတပ္ၿပီး သူတစ္ဦးတည္း သပိတ္ေမွာက္တာ။ အျခားေက်ာင္းသူ ေက်ာင္းသားေတြရဲ့ ဆႏၵမပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔သမဂၢက ကန္႔ကြက္ေၾကာင္း ထုတ္ျပန္ ေၾကညာရတာ ျဖစ္ပါတယ္" ဟု နည္းပညာတကၠသိုလ္ လားရိႈး ေက်ာင္းသားမ်ားသမဂၢမွ ဥကၠဌ ကိုအယ္လ္ေဂ်လြမ္းေဒါင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးနည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ရွမ္းျပည္နယ္လံုးဆိုင္ရာ ေက်ာင္းသားမ်ားသမဂၢ) ရံုးခန္း တံခါးေသာ့ကိုဖ်က္၍ ရံုးခန္းအတြင္းရွိ အလံကိုျဖဳတ္ယူသြားျခင္း၊ ေက်ာင္းအပ္ႏွံရာတြင္ အပ္ႏွံခ မ်ားျပားေနျခင္း၊ ေက်ာင္းလံုၿခံဳမႈ မရွိျခင္း အပါအဝင္ အခ်က္ (၇) ခ်က္ကိုလည္း ပညာေရးဝန္ႀကီးဌာနမွ ၾကပ္မတ္ေပးရန္ ဟုဆိုကာ လားရိႈး နည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ(ရွမ္းျပည္နယ္လံုး ဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢ )၏ ဥကၠဌ စိုင္းေက်ာ္ေစာဟန္က တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖၚခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရံုးခန္းအား ယာယီေက်ာင္းသားသမဂၢဖြဲ႔စည္းစဥ္က အသံုးျပဳရန္ လ်ာထားေပးျခင္းျဖစ္ၿပီး ယာယီသမဂၢအား ဖ်က္သိမ္းကာ ေရြးေကာက္ခံ သမဂၢဖြဲ႔စည္းၿပီးျဖစ္သည့္အတြက္ ေရြးေကာက္ခံ သမဂၢရံုးခန္းအျဖစ္ အသံုးျပဳသြားရန္ ျပင္ဆင္ျခင္းသာျဖစ္ၿပီး ေက်ာင္းအပ္ႏွံခ က်ပ္ (၁၄,၀၀၀) ပိုမို ေကာက္ခံရျခင္းမွာလည္း ေက်ာင္းသားကဒ္၊ ေက်ာင္းတံဆိပ္အမည္ရင္ထိုး၊ ေက်ာင္းတံဆိပ္စာအုပ္ငယ္မ်ား၊ ၾကက္ေျခနီရံုးခန္းတြင္ထားရွိ ရမည့္ေဆးဝါးမ်ားအတြက္ ေက်ာင္းသူေက်ာင္းသားမ်ား၏ သေဘာတူညီခ်က္ ရရွိၿပီးမွ ေကာက္ခံျခင္းျဖစ္သည္ဟု နည္းပညာတကၠသိုလ္ လားရိႈး က်ာင္းသားမ်ားသမဂၢမွ ဆုိသည္။

တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚခဲ့သည့္ ေက်ာင္းသားသည္ ၿငိမ္းစုစီဥပေဒအတုိင္း လုိက္နာေဆာင္ရြက္ျခင္း မရိွခဲ့သျဖင့္ ခံဝန္ကတိလက္မွတ္ေရးထိုးေစေသာ္လည္း လက္မွတ္ထိုးျခင္းမရိွသျဖင့္ ၿငိမ္းစုစီပုဒ္မ (၁၉)ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

" (၁၇) ရက္ေန႔မွာပဲ ရဲတပ္ဖြဲ႔က ေခၚစစ္တယ္။ အမႈဖြင့္တယ္။ ဒီေန႔ (၁၉) ရက္ေန႔မွာ တရားရံုးက အဆံုးအျဖတ္နဲ႔ ဒဏ္ေငြႏွစ္ေသာင္းေဆာင္ရတယ္။ ဒဏ္ေငြကေတာ့ ဘယ္သူဝင္ေဆာင္ေပးသြားလည္း မသိဘူး။ ကၽြန္ေတာ္က မေဆာင္ဘူး။ မနက္ျဖန္မွာ ၿမိဳ႕ေတာ္ခန္းမေရွ႕ကို ေျပာင္းၿပီးေတာ့ သပိတ္ေမွာက္တာ ဆက္လုပ္မယ္" ဟု ကိုစိုင္းေက်ာ္ေစာဟန္က ေျပာသည္။

နည္းပညာတကၠသိုလ္(လားရိႈး)တြင္ နည္းပညာတကၠသိုလ္လားရိႈးေက်ာင္းသားမ်ားသမဂၢႏွင့္ လားရိႈးနည္းပညာ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ရွမ္းျပည္နယ္လံုး ဆိုင္ရာ ေက်ာင္းသားမ်ားသမဂၢ ) ဟူ၍ သမဂၢ (၂)ခု ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ်ရှေ့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သည့် လားရှိုး နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)မှ ကျောင်းသား၏ တောင်းဆိုချက်များမှာ နည်းပညာ တက္ကသိုလ် ကျောင်းသားအားလုံး၏ သဘောဆန္ဒ မပါဝင်ကြောင်း နည်းပညာတက္ကသိုလ်လားရှိုး ကျောင်းသားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်လိုက်သည်။

"သပိတ်မှောက်တာနဲ့ ပတ်သက်ပြီး နည်းပညာတက္ကသိုလ်က ကျောင်းသူကျောင်းသား တစ်ဦးတစ်ယောက်ကိုမှ သူက တိုင်ပင်ခြင်း မရှိခဲ့ဘူး။ တောင်းဆိုနေတဲ့ အချက်တွေထဲမှာလည်း မှားနေတဲ့ အချက်တွေပါတယ်။ ကျောင်းအတွက် လိုအပ်ချက်တွေကတော့ ရှိတယ်။ အဲဒီထက်မက အရေးကြီးတဲ့ လိုအပ်ချက်တွေရှိတယ်။ အခုဟာက ခေါင်းစဉ်တပ်ချင်ရာတပ်ပြီး သူတစ်ဦးတည်း သပိတ်မှောက်တာ။ အခြားကျောင်းသူ ကျောင်းသားတွေရဲ့ ဆန္ဒမပါဘူး။ ဒါကြောင့် ကျွန်တော်တို့သမဂ္ဂက ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာရတာ ဖြစ်ပါတယ်" ဟု နည်းပညာတက္ကသိုလ် လားရှိုး ကျောင်းသားများသမဂ္ဂမှ ဥက္ကဌ ကိုအယ်လ်ဂျေလွမ်းဒေါင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) ရုံးခန်း တံခါးသော့ကိုဖျက်၍ ရုံးခန်းအတွင်းရှိ အလံကိုဖြုတ်ယူသွားခြင်း၊ ကျောင်းအပ်နှံရာတွင် အပ်နှံခ များပြားနခြေင်း၊ ကျောင်းလုံခြုံမှု မရှိခြင်း အပါအဝင် အချက် (၇) ချက်ကိုလည်း ပညာရေးဝန်ကြီးဌာနမှ ကြပ်မတ်ပေးရန် ဟုဆိုကာ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရှမ်းပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ )၏ ဥက္ကဌ စိုင်းကျော်စောဟန်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုံးခန်းအား ယာယီကျောင်းသားသမဂ္ဂဖွဲ့စည်းစဉ်က အသုံးပြုရန် လျာထားပေးခြင်းဖြစ်ပြီး ယာယီသမဂ္ဂအား ဖျက်သိမ်းကာ ရွေးကောက်ခံ သမဂ္ဂဖွဲ့စည်းပြီးဖြစ်သည့်အတွက် ရွေးကောက်ခံ သမဂ္ဂရုံးခန်းအဖြစ် အသုံးပြုသွားရန် ပြင်ဆင်ခြင်းသာဖြစ်ပြီး ကျောင်းအပ်နှံခ ကျပ် (၁၄,ဝဝဝ) ပိုမို ကောက်ခံရခြင်းမှာလည်း ကျောင်းသားကဒ်၊ ကျောင်းတံဆိပ်အမည်ရင်ထိုး၊ ကျောင်းတံဆိပ်စာအုပ်ငယ်များ၊ ကြက်ခြေနီရုံးခန်းတွင်ထားရှိ ရမည့်ဆေးဝါးများအတွက် ကျောင်းသူကျောင်းသားများ၏ သဘောတူညီချက် ရရှိပြီးမှ ကောက်ခံခြင်းဖြစ်သည်ဟု နည်းပညာတက္ကသိုလ် လားရှိုး ကျာင်းသားများသမဂ္ဂမှ ဆိုသည်။

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားသည် ငြိမ်းစုစီဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့သဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးစေသော်လည်း လက်မှတ်ထိုးခြင်းမရှိသဖြင့် ငြိမ်းစုစီပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" (၁၇) ရက်နေ့မှာပဲ ရဲတပ်ဖွဲ့က ခေါ်စစ်တယ်။ အမှုဖွင့်တယ်။ ဒီနေ့ (၁၉) ရက်နေ့မှာ တရားရုံးက အဆုံးအဖြတ်နဲ့ ဒဏ်ငွေနှစ်သောင်းဆောင်ရတယ်။ ဒဏ်ငွေကတော့ ဘယ်သူဝင်ဆောင်ပေးသွားလည်း မသိဘူး။ ကျွန်တော်က မဆောင်ဘူး။ မနက်ဖြန်မှာ မြို့တော်ခန်းမရှေ့ကို ပြောင်းပြီးတော့ သပိတ်မှောက်တာ ဆက်လုပ်မယ်" ဟု ကိုစိုင်းကျော်စောဟန်က ပြောသည်။

နည်းပညာတက္ကသိုလ်(လားရှိုး)တွင် နည်းပညာတက္ကသိုလ်လားရှိုးကျောင်းသားများသမဂ္ဂနှင့် လားရှိုးနည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရှမ်းပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ဟူ၍ သမဂ္ဂ (၂)ခု ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~