အိမ်ခြေ(၄၆၀)ကျော်ရှိသည့် မိုင်းစံမြို့တွင် (၂၄)နာရီလျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်

အိမ်ခြေ(၄၆၀)ကျော်ရှိသည့် မိုင်းစံမြို့တွင် (၂၄)နာရီလျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်
ဒီဇငျဘာ 17, 2018
By Tachileik News Agency


အိမ်ခြေပေါင်း (၄၆၆) အိမ်ရှိသည့် မိုင်းစံမြို့တွင် လက်ရှိ၌ ဒီဇယ်ဓာတ်အားပေးစက်နှစ်လုံးဖြင့် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး မိုင်းနောင်ရှိ ဓာတ်အားခွဲရုံမှ မိုင်းစံမြို့ကို ဓာတ်အားလိုင်း သွယ်တန်းရန်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိသည့် အတွက် မိုင်းရှူးမှ ဓာတ်အားလိုင်းသွယ်တန်းပြီး မိုင်းစံမြို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မိုင်းစံမြို့ (၂၄) နာရီ လျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ဓာတ်အားခွဲရုံမှ မိုင်းစံမြို့ဓာတ်အားလိုင်း သွယ်တန်းပြီး မိုင်းစံမြို့တွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးရန်အစီအစဉ်ရှိမရှိကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက မေးမြန်းခြင်းကို လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားခွဲရုံ တည်ဆောက်ရေး၊ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာတည်ဆောက်ခြင်းများကို ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြေပေါင်း (၄၆၆) အိမ်ရှိသည့် မိုင်းစံမြို့တွင် လက်ရှိ၌ ဒီဇယ်ဓာတ်အားပေးစက်နှစ်လုံးဖြင့် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနခြေင်းဖြစ်ပြီး မိုင်းနောင်ရှိ ဓာတ်အားခွဲရုံမှ မိုင်းစံမြို့ကို ဓာတ်အားလိုင်း သွယ်တန်းရန်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိသည့် အတွက် မိုင်းရှူးမှ ဓာတ်အားလိုင်းသွယ်တန်းပြီး မိုင်းစံမြို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းစံဓာတ်အားခွဲရုံ တည်ဆောက်ပြီးသည့် အချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန်အတွက် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်း လုပ်ငန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ရန်ပုံငွေတွင် ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းစံမြို့ (၂၄) နာရီ လျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ဓာတ်အားခွဲရုံမှ မိုင်းစံမြို့ဓာတ်အားလိုင်း သွယ်တန်းပြီး မိုင်းစံမြို့တွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးရန်အစီအစဉ်ရှိမရှိကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက မေးမြန်းခြင်းကို လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~