မိုးဗြဲ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေအိမ်(၁၀)လုံးအထက် မနည်း မီးလောင်ဆုံးရှုံးပြီး စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ

Photo: DMO PDF
Photo: DMO PDF
မိုးဗြဲ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေအိမ်(၁၀)လုံးအထက် မနည်း မီးလောင်ဆုံးရှုံးပြီး စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ
ဖေဖော်ဝါရီ 19, 2022 | ရှမ်းတောင်

ရှမ်း - ကရင်နီ(ကယား)နယ်စပ်တွင်  ဝါရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး (မြောက်ရွာ)တို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ်ဖြင့်ပါ တစ်နေကုန် အပြင်းအထန် တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီး (၅)လုံး ကျရောက်ပေါက်ကွဲသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုသည့်အပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူတို့ဖြင့်ပါ ထိုးစစ်ဆင်နေမှုကို ဒီးမော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF ၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းပြီး ခုခံနေကြခြင်းဖြစ်သည်။

 

ယနေ့ တစ်နေ့တာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်ကား (၃) စီးပျက်စီးကာ အရာရှိအပါအဝင် အသေအဆုံးများလာချိန်တွင် ခမရ ၄၂၂ တပ်၊ ခမရ ၅၄ တပ်မှ လက်နက်ကြီး ပစ်ကူပေးသည့်အပြင် ညနေ (၄) နာရီဝန်းကျင်တွင် တိုက်လေယာဉ် (၂) စီး၊ ညနေ (၅) နာရီအချိန်တွင် တိုက်လေယာဉ် (၂) စီးဖြင့် (၉) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဝါရီဆူးပလိုင်၊ ဝီသဲကူး( မြောက်ရွာ) ရှိ စစ်ဘေးရှောင် နေအိမ် (၁၀) လုံးထက်မနည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီး (၅) လုံးကျရောက် ပေါက်ကွဲခဲ့ရာ စစ်ဘေးရှောင်ပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင်  ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရဲဘော် မောင်ဒေါမိနစ်ကျဆုံးကြောင်း သိရသည်။

#TachileikNewsAgency