တအာင်း(ပလောင်)ဒေသအတွင်း CDM မလုပ်ဘဲ လာရောက်တာဝန်ထမ်းဆောင်မည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်

တအာင်း(ပလောင်)ဒေသအတွင်း CDM မလုပ်ဘဲ လာရောက်တာဝန်ထမ်းဆောင်မည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်
အောက်တိုဘာ 2, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသအတွင်း ဝန်ထမ်းများ CDM မလုပ်ဘဲ လာရောက်တာဝန်ထမ်းဆောင်မည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့တွင် ထပ်မံအသိပေးထားရှိသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ခန့်အပ်တာဝန်ပေးသည့် ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရမည်ဖြစ်ပြီး CDM မလုပ်ဘဲ တအာင်း(ပလောင်)ဒေသအတွင်း ကျေးရွာများအထိ တာဝန်ထမ်းဆောင်မည်ဆိုပါက လုံခြုံရေးအရ တစ်စုံတစ်ရာဖြစ်လာလျှင် တာဝန်ယူမည်မဟုတ်သလို အရေးယူသွားမည်လည်း ဖြစ်သည့်အတွက် CDM တွင် ပါဝင်ကြရန် ထပ်မံအသိပေး တိုက်တွန်းထားရှိသည်။

#TachileikNewsAgency