ထုိင္းနယ္စပ္ ဒုကၡသည္စခန္းမ်ားရိွ ကယားျပည္နယ္မွ ဌာေနတုိင္းရင္းသားမ်ား ေနရပ္ျပန္လာပါက ျပန္လည္ေနရာခ်ထားေရး ျပင္ဆင္

ထုိင္းနယ္စပ္ ဒုကၡသည္စခန္းမ်ားရိွ ကယားျပည္နယ္မွ ဌာေနတုိင္းရင္းသားမ်ား ေနရပ္ျပန္လာပါက ျပန္လည္ေနရာခ်ထားေရး ျပင္ဆင္
ဒီဇင်ဘာ 10, 2018
By 🌸
ထိုင္းႏိုင္ငံ၊ ဘန္႔မယ္နန္းဆြယ္စခန္းႏွင့္ မယ္စူရင္းစခန္းမ်ားမွ စာရင္းရရိွထားသည့္ ကယားျပည္နယ္မွ ဌာေနတိုင္းရင္းသား (၁၁၉၆၃) ဦး ေနရပ္ျပန္လိုပါက မူရင္းေနရပ္ သို႔မဟုတ္ ျပည္နယ္တြင္း မိမိတို႔ေနလိုေသာ ေဒသတြင္ ေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္မွ ဌာေနတုိင္းရင္းသားမ်ား မိမိတို႔ဆႏၵသေဘာအေလ်ာက္ ေနရပ္ျပန္လုိပါက မူရင္းေနရပ္ သို႔မဟုတ္ မူရင္းေဒသႏွင့္အနီးဆံုး သို႔မဟုတ္ ေရြးခ်ယ္သည့္ေဒသတြင္ ေနအိမ္မ်ား ေဆာက္လုပ္ေပးႏုိင္ေရးႏွင့္ က်န္းမာေရး၊ ပညာေရး၊ စားဝတ္ေနေရး၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရရွိေရး၊ လူမႈကာကြယ္ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏိုင္ေရးအတြက္ ေနရပ္စြန္႕ခြာသူမ်ား ျပန္လည္ေနရာခ်ထားေပးႏိုင္ေရး ႀကိဳတင္စီမံ ေဆာင္ရြက္ေရး လုပ္ငန္းေကာ္မတီျဖင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေနရပ္ျပန္ျမန္မာႏုိင္ငံသားမ်ား ျပန္လည္ေနရာခ်ထားေပးေရးအတြက္ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနႏွင့္ ကယားျပည္နယ္အစိုးရတို႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၈)ရက္ေန႔ကလည္း ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ေတြ႔ဆံုေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ကယားျပည္နယ္မွ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ KNPP အေနျဖင့္ NCA တြင္ လက္ရိွအခ်ိန္ထိ ပါဝင္လက္မွတ္ေရးထိုးျခင္းမရိွေသးေသာ္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ ပါဝင္လုပ္ေဆာင္ေနျခင္း ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများရှိ ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသားများ နေရပ်ပြန်လာပါက ပြန်လည်နေရာချထားရေး ပြင်ဆင်
**********
ထိုင်းနိုင်ငံ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများမှ စာရင်းရရှိထားသည့် ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသား (၁၁၉၆၃) ဦး နေရပ်ပြန်လိုပါက မူရင်းနေရပ် သို့မဟုတ် ပြည်နယ်တွင်း မိမိတို့နေလိုသော ဒေသတွင် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသားများ မိမိတို့ဆန္ဒသဘောအလျောက် နေရပ်ပြန်လိုပါက မူရင်းနေရပ် သို့မဟုတ် မူရင်းဒေသနှင့်အနီးဆုံး သို့မဟုတ် ရွေးချယ်သည့်ဒေသတွင် နေအိမ်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

နေရပ်ပြန်မြန်မာနိုင်ငံသားများ ပြန်လည်နေရာချထားပေးရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရတို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP အနေဖြင့် NCA တွင် လက်ရှိအချိန်ထိ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~