မူးယစ္ေဆးခ်က္လုပ္ရာတြင္သံုးေသာ ဓါတုေဆးရည္ပံုးမ်ားသယ္လာသည့္ ေမာ္ေတာ္ယာဥ္(၄)စီးႏွင့္ တရုတ္ႏုိင္ငံသား ယာဥ္ေမာင္း(၃)ဦးကို မူဆယ္တြင္ဖမ္းမိ

မူးယစ္ေဆးခ်က္လုပ္ရာတြင္သံုးေသာ ဓါတုေဆးရည္ပံုးမ်ားသယ္လာသည့္ ေမာ္ေတာ္ယာဥ္(၄)စီးႏွင့္ တရုတ္ႏုိင္ငံသား ယာဥ္ေမာင္း(၃)ဦးကို မူဆယ္တြင္ဖမ္းမိ
ဒီဇင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္၊ ဟိုေလာင္ေက်းရြာအနီးတြင္ မူးယစ္ေဆးဝါးခ်က္လုပ္ရာ၌ အသံုးျပဳသည့္ ဓါတုေဆးရည္မ်ားသယ္လာသည့္ ေမာ္ေတာ္ယာဥ္ (၄)စီးကို တရုတ္ႏုိင္ငံသား (၃)ဦးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္တုိ႔ပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔ ည(၈)နာရီအခ်ိန္တြင္ ဟိုေလာင္ေက်းရြာအနီး သတင္းအရပိတ္ဆို႔ရွာေဖြရာ တရုတ္နံပါတ္ျပားတပ္ထားသည့္ ေမာ္ေတာ္ယာဥ္ (၄)စီးႏွင့္ တရုတ္ႏုိင္ငံသား ယာဥ္ေမာင္း(၃)ဦးကို ေတြ႔ရၿပီး ေမာ္ေတာ္ယာဥ္တစ္စီးကို ယာဥ္ေမာင္းမရိွဘဲ ရပ္ထားသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္ (၄)စီးတြင္ တင္ေဆာင္လာသည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ပံုး (၅၁၉)ပံုးမွ စုစုေပါင္းအေလးခ်ိန္ (၈၃၀၄)လီတာႏွင့္ အက္ဆီတံုး (၁၀၈)ေပပါမွ စုစုေပါင္းအေလးခ်ိန္ (၁၇၂၈၀)လီတာတုိ႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိန္းခ်ဳပ္ဓါတုေဆးရည္မ်ား သယ္ေဆာင္လာသည့္ တရုတ္ႏုိင္ငံသားမ်ားျဖစ္ေသာ အသက္(၃၃)ႏွစ္အရြယ္ က်ိဳးေဟာ္ရင့္(ခ) ေရွာက္က်ိဳး၊ အသက္(၂၅)ႏွစ္အရြယ္ ယြီေရွာ့လံုႏွင့္ အသက္(၄၀)အရြယ္ က်န္းရုန္းဟြတို႔႔အား ရဲတပ္ဖြဲ႕ကစစ္ေဆးေနၿပီး ဥပေဒအရအေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachieik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မူးယစ်ဆေးချက်လုပ်ရာတွင်သုံးသော ဓာတုဆေးရည်ပုံးများသယ်လာသည့် မော်တော်ယာဉ်(၄)စီးနှင့် တရုတ်နိုင်ငံသား ယာဉ်မောင်း(၃)ဦးကို မူဆယ်တွင်ဖမ်းမိ
***********
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ဟိုလောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုဆေးရည်များသယ်လာသည့် မော်တော်ယာဉ် (၄)စီးကို တရုတ်နိုင်ငံသား (၃)ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ ည(၈)နာရီအချိန်တွင် ဟိုလောင်ကျေးရွာအနီး သတင်းအရပိတ်ဆို့ရှာဖွေရာ တရုတ်နံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ် (၄)စီးနှင့် တရုတ်နိုင်ငံသား ယာဉ်မောင်း(၃)ဦးကို တွေ့ရပြီး မော်တော်ယာဉ်တစ်စီးကို ယာဉ်မောင်းမရှိဘဲ ရပ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ် (၄)စီးတွင် တင်ဆောင်လာသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပုံး (၅၁၉)ပုံးမှ စုစုပေါင်းအလေးချိန် (၈၃၀၄)လီတာနှင့် အက်ဆီတုံး (၁၀၈)ပေပါမှ စုစုပေါင်းအလေးချိန် (၁၇၂၈၀)လီတာတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ထိန်းချုပ်ဓာတုဆေးရည်များ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသားများဖြစ်သော အသက်(၃၃)နှစ်အရွယ် ကျိုးဟော်ရင့်(ခ) ရှောက်ကျိုး၊ အသက်(၂၅)နှစ်အရွယ် ယွီရှော့လုံနှင့် အသက်(၄၀)အရွယ် ကျန်းရုန်းဟွတို့အား ရဲတပ်ဖွဲ့ကစစ်ဆေးနပြေီး ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachieik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~