ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ဘီလူးေခ်ာင္းတြင္ ေရဆင္းကူးသည့္ (၈)တန္းေက်ာင္းသူတစ္ဦး ေရနစ္ ေသဆံုး

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ဘီလူးေခ်ာင္းတြင္ ေရဆင္းကူးသည့္ (၈)တန္းေက်ာင္းသူတစ္ဦး ေရနစ္ ေသဆံုး
ဒီဇင်ဘာ 24, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၊ ေဒါတမရပ္ကြက္ရွိ ဘီလူးေခ်ာင္းအတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄)  ရက္ေန႔ ေန႔လယ္ပိုင္းတြင္ သူငယ္ခ်င္းမ်ားႏွင့္အတူ ေရခ်ိဳးေနရင္း (၈)တန္းေက်ာင္းသူတစ္ဦး ေရနစ္ ေသဆုံးသြားေၾကာင္း သိရသည္။

ေသဆုံးသူ အသက္(၁၄)ႏွစ္ရွိ မနန္းသီတာေအာင္မွာ သူငယ္ခ်င္းႏွစ္ဦးႏွင့္အတူ ေနအိမ္မွထြက္သြားၿပီး လိြဳင္ေကာ္ၿမိဳ႕၊ ေဒါတမရပ္ကြက္ရွိ စိုက္ပ်ိဳးေရးႏွင့္ သုေတသနရုံးဝန္းအေနာက္ဖက္ရွိ ဘီလူးေခ်ာင္း ေက်ာက္ေဆာင္ေရခ်ိဳး ဆိပ္တြင္ ေရခ်ိဳးရန္ထိုင္ေနစဥ္ ေခ်ာင္းအတြင္းေမ်ာလာေသာ တုတ္ေခ်ာင္းအား ဆင္းဆယ္ရာမွ ေရနစ္ျမဳပ္သြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သူတို႔က သူငယ္ခ်င္းေတြနဲ႔ ေရခ်ိဳးဖို႔ ေက်ာက္ေဆာင္ဆိပ္ကို သြားတာေပါ့။ သူက ေရးမကူးတတ္ဘူး။ သူပဲ နစ္သြားတာေပါ့။ ရွစ္တန္းေက်ာင္းသူပါ။ နစ္သြားေတာ့ ဝိုင္းဆယ္ၾကတာ ႏွစ္နာရီေလာက္မွ ျပန္ေတြ႕တယ္ “ ဟု သြားေရာက္ကူညီကယ္ဆယ္ခဲ့သည့္ ေဒါတမရပ္ကြက္မွ ကိုျပည္ဟိန္းေက်ာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေသဆုံးသူ မနန္းသီတာေအာင္မွာ ေဒါတမ အ.ထ.က (၅)တြင္ ပညာသင္ၾကားေနေသာ ရွစ္တန္း ေက်ာင္းသူ တစ္ဦးျဖစ္ၿပီး ေန႔လယ္(၁၁)နာရီေက်ာ္တြင္ စတင္နစ္ျမဳပ္ခဲ့ၿပီး မီးသတ္တပ္ဖြဲ႕မ်ား ၊ ေဒါတမလူမႈကူညီေရးအဖြဲ႕မ်ား ၊ ရပ္ကြက္ေနသူမ်ားမွ ဝိုင္းဝန္းဆယ္ယူခဲ့ၾကရာ ေန႔လယ္ (၁)နာရီတြင္ ဆယ္ယူ ေတြ႔ရိွၾကာင္းသိရသည္။

ဆယ္ယူရရွိခဲ့ေသာ အေလာင္းအား လိြဳင္ေကာ္ျပည္သူ႕ေဆးရုံႀကီးသို႕ ပို႕ေဆာင္ခဲ့ၿပီး အမွန္တကယ္ ေရနစ္ ေသဆုံးျခင္း ဟုတ္ မဟုတ္ လိြဳင္ေကာ္ၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္းဖြင့္၍ စစ္ေဆးေဆာင္ရြက္ လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ျပည္ဟိန္းေက်ာ္


~~~~~~~~⊰❂Unicode Version ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ ဘီလူးချောင်းအတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် သူငယ်ချင်းများနှင့်အတူ ရေချိုးနေရင်း (၈)တန်းကျောင်းသူတစ်ဦး ရေနစ် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အသက်(၁၄)နှစ်ရှိ မနန်းသီတာအောင်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ နေအိမ်မှထွက်သွားပြီး လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် သုတေသနရုံးဝန်းအနောက်ဖက်ရှိ ဘီလူးချောင်း ကျောက်ဆောင်ရေချိုး ဆိပ်တွင် ရေချိုးရန်ထိုင်နေစဉ် ချောင်းအတွင်းမျောလာသော တုတ်ချောင်းအား ဆင်းဆယ်ရာမှ ရေနစ်မြုပ်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့က သူငယ်ချင်းတွေနဲ့ ရေချိုးဖို့ ကျောက်ဆောင်ဆိပ်ကို သွားတာပေါ့။ သူက ရေးမကူးတတ်ဘူး။ သူပဲ နစ်သွားတာပေါ့။ ရှစ်တန်းကျောင်းသူပါ။ နစ်သွားတော့ ဝိုင်းဆယ်ကြတာ နှစ်နာရီလောက်မှ ပြန်တွေ့တယ် “ ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် ဒေါတမရပ်ကွက်မှ ကိုပြည်ဟိန်းကျော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သေဆုံးသူ မနန်းသီတာအောင်မှာ ဒေါတမ အ.ထ.က (၅)တွင် ပညာသင်ကြားနေသော ရှစ်တန်း ကျောင်းသူ တစ်ဦးဖြစ်ပြီး နေ့လယ်(၁၁)နာရီကျော်တွင် စတင်နစ်မြုပ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များ၊ ဒေါတမလူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်နေသူများမှ ဝိုင်းဝန်းဆယ်ယူခဲ့ကြရာ နေ့လယ် (၁)နာရီတွင် ဆယ်ယူ တွေ့ရှိကြာင်းသိရသည်။

ဆယ်ယူရရှိခဲ့သော အလောင်းအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အမှန်တကယ် ရေနစ် သေဆုံးခြင်း ဟုတ် မဟုတ် လွိုင်ကော်မြို့မ ရဲစခန်းတွင် သေမှုသေခင်းဖွင့်၍ စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ပြည်ဟိန်းကျော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~