ကယားျပည္နယ္တြင္းမွ ေဒသဆိုင္ရာ ဧည့္လမ္းၫႊန္သင္တန္းတက္လိုသူမ်ား ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ေနာက္ဆုံး ေလွ်ာက္ထားႏိုင္

ကယားျပည္နယ္တြင္းမွ ေဒသဆိုင္ရာ ဧည့္လမ္းၫႊန္သင္တန္းတက္လိုသူမ်ား ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ေနာက္ဆုံး ေလွ်ာက္ထားႏိုင္
နိုဝင်ဘာ 7, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ဖြင့္လွစ္မည့္ေဒသဆိုင္ရာ ဧည့္လမ္းညႊန္ သင္တန္း တက္ေရာက္လိုသူမ်ား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔ ေလွ်ာက္ထားႏုိင္ၿပီး သင္တန္းၿပီးဆံုးပါက ေဒသဧည့္လမ္းညႊန္လိုင္စင္ ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနက ဖြင့္လွစ္သည့္အဆိုပါ သင္တန္းတြင္ သင္တန္းသား (၁၂၀) ဦး လက္ခံသြားမည္ျဖစ္ကာ ကယားျပည္နယ္အတြင္း ျမန္မာႏိုင္ငံသား အသက္(၁၈)နွစ္ျပည့္ၿပီး  အနိမ့္ဆံုး တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

" သင္တန္းၿပီးရင္ သုံးႏွစ္သက္တမ္းလိုင္စင္ေပးမယ္။ ဒါကို သူတို႔ လုပ္သည္ျဖစ္ေစ၊ မလုပ္သည္ျဖစ္ေစ (၃)ႏွစ္ျပည့္ရင္ သက္တမ္းျပန္တိုးရပါမယ္။ မတိုးရင္ အလိုေလ်ာက္ ပ်က္ျပယ္သြားႏိုင္ပါတယ္ " ကယားျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြား ညႊန္ၾကားမႈဦးစီးဌာန ဦးစီးမွဴး ဦးဝင္းျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ မွတ္ပုံတင္မိတၱဴ ၊ တကၠသိုလ္ဝင္တန္းေအာင္လက္မွတ္ (သို႔မဟုတ္) ဘြဲ႕လက္မွတ္ မိတၱဴ ၊ ရပ္ကြက္ေထာက္ခံစာ ၊ ရဲစခန္းေထာက္ခံစာမ်ားျဖင့္ သင္တန္းေၾကး တစ္ဦးလွ်င္ က်ပ္တစ္သိန္းေပးသြင္း၍ ကယားျပည္နယ္ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာန လိြဳင္ေကာ္ရုံးသို႕ ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သိရသည္။

ေဒသဆိုင္ရာ ဧည့္လမ္းၫႊန္သင္တန္းအား ႏိုဝင္ဘာလ (၁၂) ရက္ေန႕စ၍လိြဳင္ေကာ္တကၠသိုလ္တြင္ စတင္ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ လာေရာက္ေလွ်ာက္ထားသူ (၁၀၀)နီးပါး ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အေသးစိတ္သိရွိလိုပါက ကယားျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန လိြဳင္ေကာ္ရုံး  ဖုန္း ၀၈၃  ၂၂၂ ၁၀၇၈ သို႕ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင်းမှ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းတက်လိုသူများ နိုဝင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်
***************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖွင့်လှစ်မည့်ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်း တက်ရောက်လိုသူများ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက ဒေသဧည့်လမ်းညွှန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖွင့်လှစ်သည့်အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၂၀) ဦး လက်ခံသွားမည်ဖြစ်ကာ ကယားပြည်နယ်အတွင်း မြန်မာနိုင်ငံသား အသက်(၁၈)နှစ်ပြည့်ပြီး  အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

" သင်တန်းပြီးရင် သုံးနှစ်သက်တမ်းလိုင်စင်ပေးမယ်။ ဒါကို သူတို့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ (၃)နှစ်ပြည့်ရင် သက်တမ်းပြန်တိုးရပါမယ်။ မတိုးရင် အလိုလျောက် ပျက်ပြယ်သွားနိုင်ပါတယ် " ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ် မိတ္တူ ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာများဖြင့် သင်တန်းကြေး တစ်ဦးလျှင် ကျပ်တစ်သိန်းပေးသွင်း၍ ကယားပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လွိုင်ကော်ရုံးသို့ နိုဝင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းအား နိုဝင်ဘာလ (၁၂) ရက်နေ့စ၍လွိုင်ကော်တက္ကသိုလ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် လာရောက်လျှောက်ထားသူ (၁၀၀)နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လွိုင်ကော်ရုံး  ဖုန်း ၀၈၃  ၂၂၂ ၁၀၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~