စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုကို လက်မခံသည့် တပ်ကြပ်ကြီးတစ်ဦး KNDF ထံ လက်နက်အပြည့်အစုံဖြင့် လာရောက် ပူးပေါင်း

စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုကို လက်မခံသည့် တပ်ကြပ်ကြီးတစ်ဦး KNDF ထံ လက်နက်အပြည့်အစုံဖြင့် လာရောက် ပူးပေါင်း
ဒီဇင်ဘာ 13, 2021 | ကယား

အာဏာသိမ်းစစ်တပ်၏ ခမရ (၅၃၁)တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သို့ လာရောက်ပူးပေါင်း၍ ပြည်သူ့ထောက်ပံ့ငွေဖြင့် ဂုဏ်ပြုဆုငွေချီးမြှင့်ထားကြောင်း သိရသည်။

ကရင်နီ (ကယား)ပြည်နယ် ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁)မှ တပ်ကြပ်ကြီးက  “စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းကို လက်မခံနိုင်သဖြင့် ပြည်သူ့ဘက်သို့ မားမားရပ်တည်ဖို့ဆုံးဖြတ်ခဲ့တယ်” ဟု ပြောကြားကြောင်း သိရသည်။

ပြည်သူ့ဘက်သို့ ပူးပေါင်းသော တပ်ကြပ်ကြီးကို KNDF က ပြည်သူ့ထောက်ပံ့ ရန်ပုံငွေဖြင့် ဂုဏ်ပြုချီးမြင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။ 

တပ်နှင့်ရဲ CDM တို့ကို  ပြည်သူ့ရင်ခွင် - People's Embrace က ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍  စိစစ်ဆောင်ရွက်ပေးနေရာ  ပြည်သူ့ရင်ခွင်အဖွဲ့ကို http://t.me/MyanmarPeople ( @MyanmarPeople Telegram ) မှ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။