လားရိႈး၊သိႏၷီ၊ ေက်ာက္မဲႏွင့္ ကြတ္ခုိင္ၿမိဳ႕မ်ားမွ စစ္မႈထမ္းေဟာင္းမ်ား၏ တပ္မေတာ္ေထာက္ခံပြဲကို လားရိႈးတြင္ ျပဳလုပ္

လားရိႈး၊သိႏၷီ၊ ေက်ာက္မဲႏွင့္ ကြတ္ခုိင္ၿမိဳ႕မ်ားမွ စစ္မႈထမ္းေဟာင္းမ်ား၏ တပ္မေတာ္ေထာက္ခံပြဲကို လားရိႈးတြင္ ျပဳလုပ္
နိုဝင်ဘာ 25, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ လားရိႈး၊ သိႏၷီ၊ ေက်ာက္မဲ၊ ကြတ္ခုိင္ၿမိဳ႕မ်ားမွ စစ္မႈထမ္းေဟာင္း အဖြဲ႕မ်ား၏ တပ္မေတာ္ေထာက္ခံပြဲကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၅)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ရာ လူမႈကူညီေရးအသင္း (၂)သင္းႏွင့္ သံဃာေတာ္မ်ားလည္း ပူးေပါင္းပါဝင္ၾကသည္။

"ဒီေန႔ သူတို႔လႈပ္ရွားမႈမွာပါဝင္တဲ့ ရည္ရြယ္ခ်က္ေတြ ေဆာင္ပုဒ္ေတြက ကၽြန္ေတာ္တို႔ဆီကို တရားဝင္ ခြင့္ျပဳခ်က္တင္ထားတဲ့အတိုင္းပဲ အသံုးျပဳသြားတာျဖစ္ပါတယ္။ တစ္ျခားေတာ့ ထူးထူးျခားျခားမရွိပါဘူး။ ေအးေအးေဆးေဆးပဲ ၿပီးသြားပါတယ္" ဟု လားရိႈးၿမိဳ႕နယ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ေအာင္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စစ္မႈထမ္းေဟာင္းအဖြဲ႔မ်ား၊ ကရုဏာရွင္အသင္းႏွင့္ ဘာသာမေရြး လူမႈကူညီေရးအသင္း၊ သံဃာေတာ္အခ်ိဳ႕က တပ္မေတာ္အား ေထာက္ခံသည့္ ေဆာင္ပုဒ္မ်ား ပါဝင္သည့္ ဆိုင္းဘုတ္ဗီႏိုင္းမ်ား၊ အလံမ်ား ကိုင္ေဆာင္၍ ၿမိဳ႕ေတာ္ခန္းမမွစတင္၍ သိန္းနီလမ္းမႀကီးအတုိင္း စီတန္းလွည့္လည္ကာ ျပည္ေထာင္စုအားကစားကြင္းတြင္ စုေဝးၾကျခင္းျဖစ္သည္။

အဆိုပါ တပ္မေတာ္ေထာက္ခံမႈ လူထုေထာက္ခံလႈပ္ရွားမႈကို နံနက္ (၁၀) နာရီခန္႔မွစတင္၍ စီတန္းလွည့္လည္ၿပီးေနာက္ ျပည္ေထာင္စုအားကစားကြင္း၌ လူစုေဝးခဲ့ၾကၿပီး ေန႔လယ္ (၁) နာရီခန္႔တြင္ လူစုခြဲခဲ့ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုး၊သိန္နီ၊ ကျောက်မဲနှင့် ကွတ်ခိုင်မြို့များမှ စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ထောက်ခံပွဲကို လားရှိုးတွင် ပြုလုပ်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့များမှ စစ်မှုထမ်းဟောင်း အဖွဲ့များ၏ တပ်မတော်ထောက်ခံပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ လူမှုကူညီရေးအသင်း (၂)သင်းနှင့် သံဃာတော်များလည်း ပူးပေါင်းပါဝင်ကြသည်။

"ဒီနေ့ သူတို့လှုပ်ရှားမှုမှာပါဝင်တဲ့ ရည်ရွယ်ချက်တွေ ဆောင်ပုဒ်တွေက ကျွန်တော်တို့ဆီကို တရားဝင် ခွင့်ပြုချက်တင်ထားတဲ့အတိုင်းပဲ အသုံးပြုသွားတာဖြစ်ပါတယ်။ တစ်ခြားတော့ ထူးထူးခြားခြားမရှိပါဘူး။ အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်" ဟု လားရှိုးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကရုဏာရှင်အသင်းနှင့် ဘာသာမရွေး လူမှုကူညီရေးအသင်း၊ သံဃာတော်အချို့က တပ်မတော်အား ထောက်ခံသည့် ဆောင်ပုဒ်များ ပါဝင်သည့် ဆိုင်းဘုတ်ဗီနိုင်းများ၊ အလံများ ကိုင်ဆောင်၍ မြို့တော်ခန်းမမှစတင်၍ သိန်းနီလမ်းမကြီးအတိုင်း စီတန်းလှည့်လည်ကာ ပြည်ထောင်စုအားကစားကွင်းတွင် စုဝေးကြခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်ထောက်ခံမှု လူထုထောက်ခံလှုပ်ရှားမှုကို နံနက် (၁၀) နာရီခန့်မှစတင်၍ စီတန်းလှည့်လည်ပြီးနောက် ပြည်ထောင်စုအားကစားကွင်း၌ လူစုဝေးခဲ့ကြပြီး နေ့လယ် (၁) နာရီခန့်တွင် လူစုခွဲခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~