ေလာက္ကိုင္ၿမိဳ႕တြင္ ေရႊဆုိင္အတြင္း ဓါး၊ပုဆိန္မ်ားျဖင့္ ဝင္ေရာက္လုယက္မႈျဖစ္ပြား

ေလာက္ကိုင္ၿမိဳ႕တြင္ ေရႊဆုိင္အတြင္း ဓါး၊ပုဆိန္မ်ားျဖင့္ ဝင္ေရာက္လုယက္မႈျဖစ္ပြား
နိုဝင်ဘာ 3, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရွိ က်င္ဟြာေရႊဆုိင္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂)ရက္ေန႔ ညေန(၆)နာရီ (၄၀)မိနစ္ဝန္းက်င္က မ်က္ႏွာဖံုးဝတ္ထားသည့္ အမ်ိဳးသား(၂)ဦး ဓါး၊ပုဆိန္မ်ားျဖင့္ ေရႊေကာင္တာကိုရိုက္ခြဲ၍ လုယူသြားၿပီး ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္း သိရသည္။

“ဆိုင္ကယ္စီးလာတဲ့ အမ်ိဳးသားႏွစ္ဦးက ေရႊဆိုင္ေရွ႕ေရာက္မွ မ်က္ႏွာဖံုးစြပ္ၿပီး ပုဆိန္ငယ္ေတြနဲ႔ မွန္ေကာင္တာ(၂)ခုကို ရိုက္ခြဲတယ္။ ၿပီးေတာ့ ေရႊထည္ေတြကိုယူၿပီးေတာ့ ထြက္ေျပးသြားတယ္။ ျဖစ္စဥ္ျဖစ္ပြားၿပီးကတည္းက ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးတာေတြ လုပ္ေနပါတယ္ " ဟု ေလာက္ကိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အမ်ိဳးသား(၂)ဦးသည္ ေရႊဆြဲႀကိဳး (၃၀)ခန္႔လုယက္ယူေဆာင္သြားၿပီး ညေန(၆)နာရီ (၄၀)မိနစ္ဝန္းက်င္တြင္ ေ႐ႊဆိုင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ မင္ဆူလမ္းသြယ္(၂)အတိုင္း ေျခလ်င္ ထြက္ေျပးသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လုယက္ထြက္ေျပးေနသည့္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိေရးေဆာင္ရြက္ေနၿပီး အဆိုပါလုယက္မႈကို ေလာက္ကိုင္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၂/၄၂၇ (လုယက္မႈ/ အက်ိဳးဖ်က္ဆီးမႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
လောက်ကိုင်မြို့တွင် ရွှေဆိုင်အတွင်း ဓါး၊ပုဆိန်များဖြင့် ဝင်ရောက်လုယက်မှုဖြစ်ပွား
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ကျင်ဟွာရွှေဆိုင်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၆)နာရီ (၄၀)မိနစ်ဝန်းကျင်က မျက်နှာဖုံးဝတ်ထားသည့် အမျိုးသား(၂)ဦး ဓါး၊ပုဆိန်များဖြင့် ရွှေကောင်တာကိုရိုက်ခွဲ၍ လုယူသွားပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

“ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ရွှေဆိုင်ရှေ့ရောက်မှ မျက်နှာဖုံးစွပ်ပြီး ပုဆိန်ငယ်တွေနဲ့ မှန်ကောင်တာ(၂)ခုကို ရိုက်ခွဲတယ်။ ပြီးတော့ ရွှေထည်တွေကိုယူပြီးတော့ ထွက်ပြေးသွားတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးကတည်းက ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ် " ဟု လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသား(၂)ဦးသည် ရွှေဆွဲကြိုး (၃၀)ခန့်လုယက်ယူဆောင်သွားပြီး ညနေ(၆)နာရီ (၄၀)မိနစ်ဝန်းကျင်တွင် ရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ မင်ဆူလမ်းသွယ်(၂)အတိုင်း ခြေလျင် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

လုယက်ထွက်ပြေးနေသည့် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေပြီး အဆိုပါလုယက်မှုကို လောက်ကိုင်မြို့မရဲစခန်းတွင် (ပ) ၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇ (လုယက်မှု/ အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~