လြိဳင္ေကာ္ၿမိဳ႕တြင္ ကရင္နီေစာဖ်ာလွဴဒါန္းသည့္ သာသနာ့ေျမအတြင္း က်ေရာက္ေနသည့္ ေနအိမ္မ်ား ဖယ္ရွားခုိင္းမႈႏွင့္ ပတ္သက္၍ ဒုတိယအႀကိမ္ေျမာက္ ဆႏၵထုတ္ေဖၚ

လြိဳင္ေကာ္ၿမိဳ႕တြင္ ကရင္နီေစာဖ်ာလွဴဒါန္းသည့္ သာသနာ့ေျမအတြင္း က်ေရာက္ေနသည့္ ေနအိမ္မ်ား ဖယ္ရွားခုိင္းမႈႏွင့္ ပတ္သက္၍ ဒုတိယအႀကိမ္ေျမာက္ ဆႏၵထုတ္ေဖၚ
နိုဝင်ဘာ 5, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္ရွမ္း(က)အုပ္စု (၉ )ရပ္ကြက္ရွိ အိမ္ေျခ(၁၅၀)ေက်ာ္မွာ သာသနာ့ေျမအတြင္း က်ေရာက္ေနသျဖင့္ က်ဴးေက်ာ္မ်ားအျဖစ္သတ္မွတ္ကာ ဖယ္ရွားခုိင္းေနသည့္အတြက္ အဆိုပါေနအိမ္ပိုင္ရွင္မ်ားက ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၅)ရက္ေန႔တြင္ ဒုတိယအႀကိမ္ေျမာက္ ဆႏၵထုတ္ေဖၚေနၾကသည္။

လက္ရိွေနထုိင္ေနသူမ်ားမွာ ေျမယာမ်ားစတင္ဝယ္ယူစဥ္က အဆိုပါရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားကိုယ္တုိင္ သိရိွလက္မွတ္ေရးထိုးခဲ့ၾကေသာ္လည္း သာသနာ့ေျမျဖစ္ေၾကာင္း အသိေပးခဲ့ျခင္းမရိွခဲ့သည့္အျပင္ လက္ရိွတြင္ က်ဴးေက်ာ္မ်ားအျဖစ္ သတ္မွတ္ေရႊ႕ေျပာင္းခုိင္းေသာ္လည္း သက္ဆုိင္ရာက ေျမယာအစားထိုးေပးျခင္းလည္း မရိွေသးေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္ရိွေနအိမ္မ်ားမွာ ၁၉၅၁ ခုႏွစ္ ကရင္နီေစာဖ်ာမ်ားမွ သာသနာ့ေျမအျဖစ္အသုံးျပဳရန္ လွဴဒါန္းခဲ့သည့္ ဧက (၄၀၀)ေက်ာ္ဧရိယာအတြင္းပါဝင္ေနသျဖင့္ သာသနာ့ေျမကို တုိင္းတာၿပီး ဖယ္ရွားခုိင္းသျဖင့္ အဆိုပါေနအိမ္ပိုင္ရွင္မ်ားက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃) ရက္ေန႔က ပထမအႀကိမ္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္ကို ေတြ႔ရသည္။

အဆိုပါ ဆႏၵထုတ္ေဖၚသူမ်ားက သာသနာ့နယ္ေျမအတြင္းေရာက္ေန၍ က်ဴးေက်ာ္အျဖစ္ သတ္မွတ္ထားသည့္ ေနရာမ်ားကို က်ဴးေက်ာ္အျဖစ္မွ ပယ္ဖ်က္ၿပီး ေျမယာပိုင္ဆုိင္ခြင့္ေပးရန္ ေတာင္းဆိုေနၾကျခင္းျဖစ္သည္။

ယင္းကဲ့သို႔ဆႏၵထုတ္ေဖၚမႈအတြက္ သက္ဆုိင္ရာသို႔ ခြင့္ျပဳခ်က္တင္ျပလုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ ဆႏၵထုတ္ေဖၚစဥ္က ခြင့္ျပဳခ်က္ေက်ာ္လြန္လုပ္ေဆာင္မႈျဖင့္ ဦးေဆာင္သူ (၄)ဦးမွာ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒအရ အေရးယူခံခဲ့ရျခင္းျဖစ္သည္။

အဆိုပါ ေနရာတြင္ လက္ရိွေနထိုင္သူမ်ားမွာ ေျမမ်ားစတင္ဝယ္ယူစဥ္က သာသနာ့ေျမအျဖစ္သိရွိခဲ့ျခင္း မရွိသည့္အျပင္ ယခင္က စိုက္ခင္းပိုင္ရွင္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔စည္းမ်ားထံမွ တစ္ဆင့္ဝယ္ယူေနထိုင္ၾကသူမ်ားျဖစ္ၿပီး ယင္းကဲ့သို႔ဝယ္ယူစဥ္က သက္ဆုိင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားေရွ႕တြင္ လက္မွတ္ထိုးကာ ဝယ္ယူခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - ေနာေနာ္၊ ဂ်က္စီေလး

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့တွင် ကရင်နီစောဖျာလှူဒါန်းသည့် သာသနာ့မြေအတွင်း ကျရောက်နေသည့် နေအိမ်များ ဖယ်ရှားခိုင်းမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖေါ်
**************
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရှမ်း(က)အုပ်စု (၉ )ရပ်ကွက်ရှိ အိမ်ခြေ(၁၅၀)ကျော်မှာ သာသနာ့မြေအတွင်း ကျရောက်နေသဖြင့် ကျူးကျော်များအဖြစ်သတ်မှတ်ကာ ဖယ်ရှားခိုင်းနေသည့်အတွက် အဆိုပါနေအိမ်ပိုင်ရှင်များက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖေါ်နေကြသည်။

လက်ရှိနေထိုင်နေသူများမှာ မြေယာများစတင်ဝယ်ယူစဉ်က အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် သိရှိလက်မှတ်ရေးထိုးခဲ့ကြသော်လည်း သာသနာ့မြေဖြစ်ကြောင်း အသိပေးခဲ့ခြင်းမရှိခဲ့သည့်အပြင် လက်ရှိတွင် ကျူးကျော်များအဖြစ် သတ်မှတ်ရွှေ့ပြောင်းခိုင်းသော်လည်း သက်ဆိုင်ရာက မြေယာအစားထိုးပေးခြင်းလည်း မရှိသေးကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိနေအိမ်များမှာ ၁၉၅၁ ခုနှစ် ကရင်နီစောဖျာများမှ သာသနာ့မြေအဖြစ်အသုံးပြုရန် လှူဒါန်းခဲ့သည့် ဧက (၄၀၀)ကျော်ဧရိယာအတွင်းပါဝင်နေသဖြင့် သာသနာ့မြေကို တိုင်းတာပြီး ဖယ်ရှားခိုင်းသဖြင့် အဆိုပါနေအိမ်ပိုင်ရှင်များက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့က ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်သူများက သာသနာ့နယ်မြေအတွင်းရောက်နေ၍ ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် နေရာများကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်ပြီး မြေယာပိုင်ဆိုင်ခွင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ဆန္ဒထုတ်ဖေါ်မှုအတွက် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ဆန္ဒထုတ်ဖေါ်စဉ်က ခွင့်ပြုချက်ကျော်လွန်လုပ်ဆောင်မှုဖြင့် ဦးဆောင်သူ (၄)ဦးမှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ နေရာတွင် လက်ရှိနေထိုင်သူများမှာ မြေများစတင်ဝယ်ယူစဉ်က သာသနာ့မြေအဖြစ်သိရှိခဲ့ခြင်း မရှိသည့်အပြင် ယခင်က စိုက်ခင်းပိုင်ရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများထံမှ တစ်ဆင့်ဝယ်ယူနေထိုင်ကြသူများဖြစ်ပြီး ယင်းကဲ့သို့ဝယ်ယူစဉ်က သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများရှေ့တွင် လက်မှတ်ထိုးကာ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - နောနော်၊ ဂျက်စီလေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~