ထိုင္းႏုိင္ငံတြင္ အေျခစိုက္သည့္ ကရင္နီအမ်ိဳးသားလူငယ္အစည္းအရံုးမွ ပထမဆံုးအႀကိမ္ ျပည္တြင္း ညီလာခံကို ရွားေတာၿမိဳ႕နယ္တြင္ က်င္းပေန

ထိုင္းႏုိင္ငံတြင္ အေျခစိုက္သည့္ ကရင္နီအမ်ိဳးသားလူငယ္အစည္းအရံုးမွ ပထမဆံုးအႀကိမ္ ျပည္တြင္း ညီလာခံကို ရွားေတာၿမိဳ႕နယ္တြင္ က်င္းပေန
သြဂုတ် 21, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ အေျခစိုက္ထားသည့္ ကရင္နီအမ်ိဳးသားလူငယ္အစည္းအ႐ုံး၏ ျပည္တြင္း၌ ပထမဆံုး က်င္းပသည့္ ညီလာခံကို ရွားေတာၿမိဳ႕နယ္ ေျမာက္ပိုင္းရပ္ကြက္ရိွ လူငယ္ခန္းမေဆာင္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၁)ရက္ေန႔မွစ၍ (၅)ရက္ၾကာ က်င္းပေနေၾကာင္း သိရသည္။

အဆိုပါ ညီလာခံတြင္ ဗဟိုေကာ္မတီဝင္ ျပန္လည္ေရြးခ်ယ္ျခင္း၊ ဖြဲ႔စည္းပုံ ျပန္လည္သုံးသပ္ျခင္း၊ ေ႐ွ႕လုပ္ငန္းစဥ္မ်ား ခ်မွတ္ျခင္းတုိ႔ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ကရင္နီအမ်ိဳးသားလူငယ္ အစည္းအရံုး၏ (၆)ႀကိမ္ေျမာက္ညီလာခံကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ရွားေတာၿမိဳ႕ရိွ ေစ်းပိုင္းရပ္ကြက္ ႏွစ္ျခင္းခရစ္ယာန္ အသင္းေတာ္ေက်ာင္း ခန္းမေဆာင္တြင္ က်င္းပရန္ စီစဥ္ထားျခင္းျဖစ္ေသာ္လည္း အဆိုပါညီလာခံတြင္ KNPP ပါဝင္မည္ဆိုပါက NRPC သို႔ တင္ျပ ေဆာင္ရြက္သင့္ေၾကာင္း ၾသဂုတ္လ (၁၇) ရက္ေန႔တြင္ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက အေၾကာင္းၾကားစာ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ညီလာခံ ဆက္လက္က်င္းပေရးအတြက္ လူငယ္အဖြဲ႕က ျပည္နယ္အစိုးရအဖြဲ႕ထံ ျပန္လည္ တင္ျပရာ ညီလာခံကို လက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ KNPP ပါဝင္ တက္ေရာက္ျခင္းမျပဳရန္၊ ညီလာခံလံုၿခံဳေရး အတြက္ KNPP တပ္ဖြဲ႕ဝင္မ်ား အသံုး မျပဳရန္၊ ဘာသာေရး အေဆာက္အဦးကို အသံုးမျပဳရန္ စသည့္ အခ်က္မ်ားႏွင့္အတူ ညီလာခံက်င္းပခြင့္ကို ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ ျပည္နယ္အစိုးရအဖြဲ႔ဝင္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ျမင့္ေဝက ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကရင္နီအမ်ိဳးသားလူငယ္အစည္းအ႐ုံးသည္ ထုိင္းႏိုင္ငံအတြင္းရိွ ကရင္နီဒုကၡသည္စခန္းမွ လူငယ္မ်ား၊ ျပည္တြင္းမွ လူငယ္မ်ားျဖင့္ ထိုင္းႏိုင္ငံ နန္းဆြယ္တြင္ အေျခစိုက္ဖြဲ႕စည္းထားျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖိဳးထြန္း
Photo - maw moe myar


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး၏ ပြည်တွင်း၌ ပထမဆုံး ကျင်းပသည့် ညီလာခံကို ရှားတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ လူငယ်ခန်းမဆောင်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့မှစ၍ (၅)ရက်ကြာ ကျင်းပနေကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ဗဟိုကော်မတီဝင် ပြန်လည်ရွေးချယ်ခြင်း၊ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကရင်နီအမျိုးသားလူငယ် အစည်းအရုံး၏ (၆)ကြိမ်မြောက်ညီလာခံကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့တွင် ရှားတောမြို့ရှိ ဈေးပိုင်းရပ်ကွက် နှစ်ခြင်းခရစ်ယာန် အသင်းတော်ကျောင်း ခန်းမဆောင်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သော်လည်း အဆိုပါညီလာခံတွင် KNPP ပါဝင်မည်ဆိုပါက NRPC သို့ တင်ပြ ဆောင်ရွက်သင့်ကြောင်း သြဂုတ်လ (၁၇) ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံ ဆက်လက်ကျင်းပရေးအတွက် လူငယ်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရာ ညီလာခံကို လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP ပါဝင် တက်ရောက်ခြင်းမပြုရန်၊ ညီလာခံလုံခြုံရေး အတွက် KNPP တပ်ဖွဲ့ဝင်များ အသုံး မပြုရန်၊ ဘာသာရေး အဆောက်အဦးကို အသုံးမပြုရန် စသည့် အချက်များနှင့်အတူ ညီလာခံကျင်းပခွင့်ကို သြဂုတ်လ (၁၉) ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးသည် ထိုင်းနိုင်ငံအတွင်းရှိ ကရင်နီဒုက္ခသည်စခန်းမှ လူငယ်များ၊ ပြည်တွင်းမှ လူငယ်များဖြင့် ထိုင်းနိုင်ငံ နန်းဆွယ်တွင် အခြေစိုက်ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း
Photo - maw moe myar 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~