လွိုင်ကော်မြို့တွင်း ရပ်ကွက်များပေါ် အာဏာသိမ်းစစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

လွိုင်ကော်မြို့တွင်း ရပ်ကွက်များပေါ် အာဏာသိမ်းစစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေ
ဇန်နဝါရီ 8, 2022 | ကယား



* * * * *

ကရင်နီ(ကယားပြည်)နယ် လွိုင်ကော်မြို့တွင်း  ရပ်ကွက်များပေါ်သို့ အာဏာသိမ်းစစ်တပ်၏ စစ်လေယာဉ်များက ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က စပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

"ဒေါပိုးစီ၊ ဒေါဆန်းဘွန်း၊ ရွာတန်းရှည်၊ ပန်ကန်း၊ မိုင်းလုံး၊ တစ်ကြောလုံးကို တိုက်လေယာဥ်နဲ့ရော ဟတ်စကီးနဲ့ပါ ပစ်နေတာ" ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ညနေ (၃)နာရီ(၄၉)မိနစ်အချိန်တွင် ပြောသည်။

လေကြောင်းဖြင့် ဗုံးကြဲခံနေရသည့် ရပ်ကွက်များတွင် သက်ကြီးရွယ် နှင့် ကလေးများ၊ အမျိုးသမီးများ အများပြားရှိနေ၍ ထိတ်လန့်နေကြရကြောင်း နှင့် အာဏာသိမ်းစစ်တပ်၏ စစ်လေယာဉ်များက တောင်ငူဘက်က လာသည်ဟု သိရပြီး ထပ်မံ၍လည်း ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။