ကယားျပည္နယ္တြင္ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္သစ္ေတာ ေလွ်ာက္ထားသူ နည္းပါးေန

ကယားျပည္နယ္တြင္ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္သစ္ေတာ ေလွ်ာက္ထားသူ နည္းပါးေန
နိုဝင်ဘာ 23, 2018
By Tachileik News Agency

ကယားျပည္နယ္တြင္ ေက်းရြာမ်ားအလိုက္ ေဒသခံျပည္သူ အစုအဖြဲ႕ပိုင္သစ္ေတာမ်ား ေလွ်ာက္ထား၍ ေက်းရြာပိုင္ေတာမ်ားအား ထိန္းသိမ္းၾကရန္အတြက္ ေလွ်ာက္လႊာမ်ားတင္ရန္ ေၾကညာထားေသာ္လည္း ေလွ်ာက္ထားသည့္ ေက်းရြာနည္းပါးေနသျဖင့္ လာေရာက္ေလွ်ာက္ထားၾကရန္ ျပည္နယ္ဝန္ႀကီးက တိုက္တြန္းလိုက္သည္။

"စိတ္မဝင္စားၾကဘူး ထင္တယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ျပည္နယ္မွာက ေျမလြတ္ေျမရုိင္းဆိုတာမရွိဘူး။ ဘယ္နား လက္ညိဳးထိုးထိုး ပိုင္ရွင္ေတြရွိေနတယ္ဆိုတာပဲ။ ကၽြန္ေတာ္တို႔ ကိုယ္တိုင္လည္း သစ္ေတာစိုက္ခင္းေတြ ပ်ိဳးေထာင္ေပးဖို႔ ရြာမွာဆင္းၿပီး လုပ္ေပးတာရွိတယ္။ ဒါေပမဲ့ ရြာကလူေတြက ငါတို႔ေျမကို သိ္မ္းတယ္ ဘာညာနဲ႔ ကန္႔ကြက္ၾကတယ္။ တိုင္းရင္းသား လက္နက္ကိုင္နယ္ေျမေတြဆိုလည္း သူတို႕က လုံးဝအစိုက္မခံဘူး။ ရြာသားေတြကိုပဲ မရ ရေအာင္စည္းရုံးၿပီး ကၽြန္ေတာ္တို႔ တစ္ခ်ိဳ႕ စိုက္ခင္းေလးေတြ လုပ္ရတာေပါ့။ ဒီစိုက္ခင္းေတြက သူတို႔အတြက္ပဲဆိုတာလည္း သူတို႔ကို ဘယ္လိုေျပာေျပာ သိပ္နားမလည္ၾကဘူးေပါ့။ လုပ္ရတာ တကယ္ခက္တယ္ဗ်” ဟု ကယားျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသခံျပည္သူအစုအဖြဲ႕ပိုင္သစ္ေတာလုပ္ငန္းဆိုသည္မွာ ေဒသခံျပည္သူမ်ား ကိုယ္တုိင္ကိုယ္က် ပါဝင္တည္ေထာင္လုပ္ေဆာင္ၿပီး အက်ိဳးခံစားခြင့္ရမည့္ သစ္ေတာထူေထာင္သံုးစြဲျခင္းျဖစ္ၿပီး အဆိုပါ သစ္ေတာမ်ားမွေန၍ ေဒသခံျပည္သူမ်ားလုိအပ္သည့္ ထင္းႏွင့္သစ္ေတာထြက္ပစၥည္းမ်ားကို ထုတ္ယူသံုးစြဲႏုိင္ၾကမည့္ ေက်းရြာပိုင္သစ္ေတာမ်ားထူေထာင္ျခင္းျဖစ္သည္။

"သဘာဝပတ္ဝန္းက်င္အတြက္ေရာ ရြာအတြက္ေရာ အက်ိဳးရွိတယ္။ ဒီေတာေတြက သူတို႔ရြာပဲပိုင္တယ္။ သင္တန္းေတြလည္း ေပးတယ္။ လာေလွ်ာက္ၾကပါလို႔ ေျပာတယ္။ ဒါေပမဲ့ မလာၾကဘူး။ စိုက္ခင္းေတြ တည္ေထာင္ဖို႔ လုပ္တဲ့အခါမွာလည္း ခက္ခဲေနတုန္းပဲ" ဟု ဦးတီရယ္က ေျပာသည္။

ကယားျပည္နယ္တြင္း ေက်းရြာမ်ားတြင္ ေဒသခံျပည္သူအစုအဖြဲ႕ပိုင္ သစ္ေတာစိုက္ခင္းမ်ားကို ေက်းရြာမ်ားတြင္ တည္ေထာင္ၾကရန္ အသိပညာေပးျခင္း၊ သင္တန္းေပးျခင္းႏွင့္ ေလွ်ာက္ထားၾကရန္ ေၾကညာျခင္းတုိ႔ လုပ္ေဆာင္ထားေသာ္လည္း  လိြဳင္ေကာ္ခရုိင္အတြင္းရွိ ေက်းရြာအနည္းငယ္သာ ေလွ်ာက္ထားျခင္း ရွိေၾကာင္း သိရသည္။

လက္ရွိ ကယားျပည္နယ္ရိွ ေဒသခံျပည္သူအစုအဖြဲ႕ပိုင္သစ္ေတာမ်ားကို လိြဳင္ေကာ္ၿမိဳ႕နယ္တြင္ ထူဒူငံသေက်းရြာ (၁၀၀)ဧက၊ နတ္ေတာင္ေက်းရြာ(၃၁၉.၅၇)ဧက၊ မိုက္ကန္းေက်းရြာ (၂၁၀.၀၀)ဧက၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေဒါဗ်ာကူးေက်းရြာ (၂၀၁)ဧက ၊ ဝါေသာခိုရြာသစ္ (၂၁၃.၄၈)ဧက၊ ေဒါတဝီေက်းရြာ (၉၅)ဧက ၊ ေဒါတဒါးေက်းရြာ (၂၅၀)ဧက၊ ေဒါေညးခူေက်းရြာ (၆၅၅)ဧကႏွင့္ ေဆာ္ပထန္ေက်းရြာ (၃၉၇)ဧက တို႔တြင္ တည္ေထာင္ထားၿပီး ရွားေတာၿမိဳ႕နယ္ထဲမွ ေက်းရြာ(၂) ရြာမွာ ေလွ်ာက္ထားဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်တွင် ကျေးရွာများအလိုက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ လျှောက်ထား၍ ကျေးရွာပိုင်တောများအား ထိန်းသိမ်းကြရန်အတွက် လျှောက်လွှာများတင်ရန် ကြေညာထားသော်လည်း လျှောက်ထားသည့် ကျေးရွာနည်းပါးနေသဖြင့် လာရောက်လျှောက်ထားကြရန် ပြည်နယ်ဝန်ကြီးက တိုက်တွန်းလိုက်သည်။

"စိတ်မဝင်စားကြဘူး ထင်တယ်။ ပြီးတော့ ကျွန်တော်တို့ ပြည်နယ်မှာက မြေလွတ်မြေရိုင်းဆိုတာမရှိဘူး။ ဘယ်နား လက်ညိုးထိုးထိုး ပိုင်ရှင်တွေရှိနေတယ်ဆိုတာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သစ်တောစိုက်ခင်းတွေ ပျိုးထောင်ပေးဖို့ ရွာမှာဆင်းပြီး လုပ်ပေးတာရှိတယ်။ ဒါပေမဲ့ ရွာကလူတွေက ငါတို့မြေကို သိ်မ်းတယ် ဘာညာနဲ့ ကန့်ကွက်ကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေဆိုလည်း သူတို့က လုံးဝအစိုက်မခံဘူး။ ရွာသားတွေကိုပဲ မရ ရအောင်စည်းရုံးပြီး ကျွန်တော်တို့ တစ်ချို့ စိုက်ခင်းလေးတွေ လုပ်ရတာပေါ့။ ဒီစိုက်ခင်းတွေက သူတို့အတွက်ပဲဆိုတာလည်း သူတို့ကို ဘယ်လိုပြောပြော သိပ်နားမလည်ကြဘူးပေါ့။ လုပ်ရတာ တကယ်ခက်တယ်ဗျ” ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုသည်မှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တည်ထောင်လုပ်ဆောင်ပြီး အကျိုးခံစားခွင့်ရမည့် သစ်တောထူထောင်သုံးစွဲခြင်းဖြစ်ပြီး အဆိုပါ သစ်တောများမှနေ၍ ဒေသခံပြည်သူများလိုအပ်သည့် ထင်းနှင့်သစ်တောထွက်ပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်ကြမည့် ကျေးရွာပိုင်သစ်တောများထူထောင်ခြင်းဖြစ်သည်။

"သဘာဝပတ်ဝန်းကျင်အတွက်ရော ရွာအတွက်ရော အကျိုးရှိတယ်။ ဒီတောတွေက သူတို့ရွာပဲပိုင်တယ်။ သင်တန်းတွေလည်း ပေးတယ်။ လာလျှောက်ကြပါလို့ ပြောတယ်။ ဒါပေမဲ့ မလာကြဘူး။ စိုက်ခင်းတွေ တည်ထောင်ဖို့ လုပ်တဲ့အခါမှာလည်း ခက်ခဲနေတုန်းပဲ" ဟု ဦးတီရယ်က ပြောသည်။

ကယားပြည်နယ်တွင်း ကျေးရွာများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများကို ကျေးရွာများတွင် တည်ထောင်ကြရန် အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းနှင့် လျှောက်ထားကြရန် ကြေညာခြင်းတို့ လုပ်ဆောင်ထားသော်လည်း လွိုင်ကော်ခရိုင်အတွင်းရှိ ကျေးရွာအနည်းငယ်သာ လျှောက်ထားခြင်း ရှိကြောင်း သိရသည်။

လက်ရှိ ကယားပြည်နယ်ရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို လွိုင်ကော်မြို့နယ်တွင် ထူဒူငံသကျေးရွာ (၁၀၀)ဧက၊ နတ်တောင်ကျေးရွာ(၃၁၉.၅၇)ဧက၊ မိုက်ကန်းကျေးရွာ (၂၁၀.ဝဝ)ဧက၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဗျာကူးကျေးရွာ (၂၀၁)ဧက၊ ဝါသောခိုရွာသစ် (၂၁၃.၄၈)ဧက၊ ဒေါတဝီကျေးရွာ (၉၅)ဧက၊ ဒေါတဒါးကျေးရွာ (၂၅၀)ဧက၊ ဒေါညေးခူကျေးရွာ (၆၅၅)ဧကနှင့် ဆော်ပထန်ကျေးရွာ (၃၉၇)ဧက တို့တွင် တည်ထောင်ထားပြီး ရှားတောမြို့နယ်ထဲမှ ကျေးရွာ(၂) ရွာမှာ လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~