ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်နေ့တည်း (၃၅)ဦး သေဆုံး

Photo: ဒီးမော့ဆို PDF
Photo: ဒီးမော့ဆို PDF
ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်နေ့တည်း (၃၅)ဦး သေဆုံး
မတ် 6, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဘုရားငုတ်တိုကျေးရွာ၊ ကျောက်ဆည်ကန်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့တို့ မတ်လ(၅)ရက်နေ့က တစ်နေကုန်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား (၃၅)ဦးထက်မနည်း သေကြောင်း ဒီးမော့ဆို PDF က ယနေ့မတ်လ(၆)ရက်တွင် သတင်းထုတ်ပြန်လာသည်။

Drone ဖြင့် ရိုက်ကူးစဉ် စစ်ကောင်စီတပ်သားများ သေဆုံးနေသည်ကို တွေ့ရစဉ်။

 စစ်ကောင်စီတပ်များကို ဒီးမော့ဆို PDF၊ ဒေသတွင်းမဟာမိတ်တပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြား တော်လှန်ရေးတပ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာနှင့် ဒေါနော်ကူးရွာအကြားတွင် နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးလာသည့် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ 

Drone ဖြင့် ရိုက်ကူးစဉ် စစ်ကောင်စီတပ်သားများ သေဆုံးနေသည်ကို တွေ့ရစဉ်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ(၄)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ညပိုင်းတွင် ပြည်သူများရှိရာနေရာသို့ တာဝေးပစ်အမြှောက်များဖြင့် ပစ်ခတ်ခတ်ခဲ့ကြောင်း သိရသည်။