ဘောလခဲမြို့ ခရိုင်ရဲစခန်းမှ ရဲတပ်သားတစ်ဦး KNDFထံ အလင်းဝင်

ဘောလခဲမြို့ ခရိုင်ရဲစခန်းမှ ရဲတပ်သားတစ်ဦး KNDFထံ အလင်းဝင်
ဇန်နဝါရီ 9, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ ခရိုင်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် အလင်းဝင်လာကြောင်း KNDFဗဟိုထံမှ သိရသည်။ 

အလင်းဝင်လာသည့် ရဲတပ်သားမှာ စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ခြင်းကြောင့် AK-22 သေနတ်တစ်လက် ယူဆောင်၍ ထွက်လာခဲ့ခြင်းဖြစ်ပြီး KNDFမှ သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီအားဆန့်ကျင်ကာ ပြည်သူ့ဖက်အား ဘက်ပြောင်းခိုလှုံလာသည့် အဆိုပါ ရဲတပ်သားအား KNDFမှ ဆုကြေးငွေပေးအပ် ၍ လုံခြုံလွတ်လပ်စွာထားရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြရန် တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း ပြည့်ဝစွာအာမခံကြောင်း KNDFက အသိပေးထားသည်။

#TachileikNewsAgency

Photo: KNDF