မန္တလေးမှ မူဆယ်သို့သယ်လာသည့် ကျောက်စိမ်းနှင့် အင်ကြင်းကျောက်များကို ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းမိ

မန္တလေးမှ မူဆယ်သို့သယ်လာသည့် ကျောက်စိမ်းနှင့် အင်ကြင်းကျောက်များကို ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းမိ
နိုဝငျဘာ 22, 2018
By Tachileik News Agency



မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေး စခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ မန္တလေးမှ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး၊ ဖြတ်စများနှင့် အင်ကြင်းကျောက်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်က ဖမ်းဆီး ရမိကြောင်းသိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့ အတက်ကားများအား စစ်ဆေးနေစဉ် AYY (ဝါ) RLG နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်နောက်ဖုံးတွင် ထည့်သွင်း သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး၊ ဖြတ်စနှင့် အင်ကြင်းကျောက်များအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေး စခန်းများရှိနပြေီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနခြေင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~