၂၀၁၈ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ ကာလအတြင္း ေန႔လႊတ္ ညလႊတ္မီးပံုးပ်ံ စုစုေပါင္း (၄၁၄)လံုး ပါဝင္ ယွဥ္ၿပိဳင္မည္

၂၀၁၈ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ ကာလအတြင္း ေန႔လႊတ္ ညလႊတ္မီးပံုးပ်ံ စုစုေပါင္း (၄၁၄)လံုး ပါဝင္ ယွဥ္ၿပိဳင္မည္
နိုဝင်ဘာ 6, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔၌ စတင္က်င္းပမည့္ တန္ေဆာင္တုိင္ မီးပံုးပ်ံပြဲေတာ္ ကာလအတြင္း ေန႔လႊတ္ ညလႊတ္မီးပံုးပ်ံ စုစုေပါင္း (၄၁၄)လံုး ပါဝင္  ယွဥ္ၿပိဳင္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။

မီးပံုးပ်ံပြဲေတာ္တြင္ ယွဥ္ၿပိဳင္မည့္ အစီအစဥ္မ်ားမွာ ႏိုဝင္ဘာလ (၁၄)ရက္ေန႔ မွ ႏိုဝင္ဘာလ (၂၂)ရက္ေန႔အထိ ေန႔လႊတ္အစီအစဥ္၊ ညလႊတ္အစီအစဥ္အျဖစ္ ညမီးႀကီး၊ စိန္နားပန္မ်ား ယွဥ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း သိရၿပီး ႏိုဝင္ဘာလ (၂၃)ရက္ေန႔တြင္ ဆုေပးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တုိင္ပြဲေတာ္ဖြင့္ပြဲကို ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ညေန (၆)နာရီတြင္ က်င္းပမည္ျဖစ္ၿပီး ေန႔စဥ္ ေန႔လႊတ္ အစီအစဥ္မ်ားကို နံနက္ (၁၁)နာရီမွ ညေန (၄)နာရီအထိ က်င္းပမည္ျဖစ္ၿပီး ညလႊတ္ အစီအစဥ္ မ်ားကို ည (၆)နာရီမွစ၍ ယွဥ္ၿပိဳင္မည့္မီးပံုးမ်ားကုန္သည္အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Source: ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့၌ စတင်ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကာလအတွင်း နေ့လွှတ် ညလွှတ်မီးပုံးပျံ စုစုပေါင်း (၄၁၄)လုံး ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံပွဲတော်တွင် ယှဉ်ပြိုင်မည့် အစီအစဉ်များမှာ နိုဝင်ဘာလ (၁၄)ရက်နေ့ မှ နိုဝင်ဘာလ (၂၂)ရက်နေ့အထိ နေ့လွှတ်အစီအစဉ်၊ ညလွှတ်အစီအစဉ်အဖြစ် ညမီးကြီး၊ စိန်နားပန်များ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရပြီး နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေ (၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နေ့လွှတ် အစီအစဉ်များကို နံနက် (၁၁)နာရီမှ ညနေ (၄)နာရီအထိ ကျင်းပမည်ဖြစ်ပြီး ညလွှတ် အစီအစဉ် များကို ည (၆)နာရီမှစ၍ ယှဉ်ပြိုင်မည့်မီးပုံးများကုန်သည်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~