ရှမ်း - ကယားနယ်စပ်ရှိ ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ဗုံးကြဲ

Photo: Progressive Karenni People Force - PKPF
Photo: Progressive Karenni People Force - PKPF
ရှမ်း - ကယားနယ်စပ်ရှိ ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ဗုံးကြဲ

 ရှမ်း - ကယားနယ်စပ်၊ မိုးဗြဲအနောက်ခြမ်း၊  မိုးဗြဲ - ပီကင်းလမ်းပေါ်ရှိ ကယန်းဒေသနယ်မြေလုံခြုံရေးဂိတ်ဖြစ်သည့် ကယန်းပြည်သစ်တပ်မတော်(KNLA)၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ ‌ဇွန်လ ( ၁ )ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ် တစ်ခုလုံးပျက်စီးသွားပြီး ရဲဘော်များထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုရသေးပေ။

ကယန်းပြည်သစ်ပါတီ၏ ကယန်းပြည်သစ်တပ်မတော်(KNLA)သည် စစ်တပ်က အာဏာသိမ်းစဉ်က ကန့်ကွက်ခဲ့မှုများရှိခဲ့သော်လည်း အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မည်သူ့ဘက်ကမှ ရပ်တည်ခြင်းမရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။