ကယားျပည္နယ္ လိြဳင္ေကာ္ေဆး႐ုံႀကီးတြင္ ႏွလုံး၊ ေသြးတုိး၊ ဆီးခ်ဳိႏွင့္ ေသြးခ်ဳိေရာဂါအထူးကုမ်ားျဖင့္ ႏို၀င္ဘာလ(၉)ရက္ေန႔မွ စ၍ ႏွစ္ရက္တာ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးမည္

ကယားျပည္နယ္ လိြဳင္ေကာ္ေဆး႐ုံႀကီးတြင္ ႏွလုံး၊ ေသြးတုိး၊ ဆီးခ်ဳိႏွင့္ ေသြးခ်ဳိေရာဂါအထူးကုမ်ားျဖင့္ ႏို၀င္ဘာလ(၉)ရက္ေန႔မွ စ၍ ႏွစ္ရက္တာ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးမည္
အောက်တိုဘာ 25, 2018
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ျပည္သူ႔ေဆးရံုႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၉)ရက္ေန႔မွ (၁၀)ရက္ေန႔ အထိ ေသြးတုိး၊ ႏွလုံး၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါအထူးကုဆရာဝန္ (၅)ဦးျဖင့္ အခမဲ့ စမ္းသပ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကုသမႈခံ ယူလိုသူမ်ား အေနျဖင့္ ႏိုဝင္ဘာလ (၁) ရက္ေန႔မွ စ၍ ျပည္နယ္ကုသေရးဦးစီးဌာန႐ုံး ၊ လြဳိင္ေကာ္မွ တာ၀န္ခံဆရာ၀န္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ ဖုန္း ၀၉-၄၅၈၈ ၃၃၃၄၁ ထံသုိ႔ အမည္စာရင္း လာေရာက္ ေပးသြင္းႏိုင္ေၾကာင္း ေၾကညာထားသည္။

ရန္ကုန္ေဆးတကၠသုိလ္ (၁) မွ ေသြးတုိး၊ ႏွလုံးႏွင့္ ႏွလုံး ေသြးေၾကာက်ဥ္း ေရာဂါ ဌာနမွဴး ပါေမာကၡ ေဒါက္တာ ႏြယ္ႏြယ္ ဦးေဆာင္၍ ေသြးတုိး၊ ႏွလုံး ႏွင့္ ႏွလုံးေသြးေၾကာ ေရာဂါအထူးကု ဆရာ၀န္(၅) ဦးက ေရာဂါ စမ္းသပ္ စစ္ေဆးမႈမ်ားအတြက္ လုိအပ္သည့္ ECC စက္၊ ECHO စက္၊ ေသြးခ်ဳိတုိင္းစက္၊ ေသြးေပါင္ခ်ိန္စက္၊ ေသြးအတြင္း အဆီဓါတ္ စစ္ေဆးသည့္စက္မ်ား၊ ေဆး၀ါးမ်ားအား ယူေဆာင္လာ၍  လြဳိင္ေကာ္ၿမိဳ႕တြင္ ႏွစ္ရက္တာ အခမဲ့ စစ္ေဆးကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အရည္အေသြးျပည့္မီေသာ စစ္ေဆး စမ္းသပ္ကုသမႈမ်ားအား လက္လွမ္းမီရရွိေစရန္ ရည္ရြယ္ျခင္းျဖစ္ၿပီး  ႏွလုံးႏွင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ခံစားေနရေသာလူနာမ်ား၊ အသက္ (၄၀) ႏွစ္အထက္ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ခံစားေနရသူမ်ား၊ အသက္ (၄၀) ႏွစ္အထက္ ၎ေရာဂါ ရွိ မရွိ စမ္းသပ္စစ္ေဆး ကုသမႈ ခံယူလုိသူမ်ားအား ကုသေပးသြားမည္ျဖစ္ၿပီး လိုအပ္ပါက ရက္တိုး၍ ကုသေပးသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ အစိုးရအဖြဲ႔က ေၾကညာ ထားသည္။

အဆိုပါကုသမႈကို ႏိုဝင္ဘာလ (၉)ရက္ေန႕မွ (၁၀)ရက္ေန႔ အထိ ေန႕စဥ္ နံနက္ (၈)နာရီခြဲမွ ညေန ၅နာရီအထိ လြဳိင္ေကာ္ ျပည္သူ႕ေဆးရုံႀကီး ျပင္ပလူနာဌာနတြင္ ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဆးကုသမႈခံယူရန္ ရပ္ေ၀းမွ လာေရာက္ၾကမည့္သူမ်ားအတြက္ ျပည္နယ္သာသနာ့ဗိမာန္တြင္ တည္းခုိႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသြားမည္ ဖစ္ျပီး တည္းခုိေနရာမွ လြဳိင္ေကာ္ေဆးရုံႀကီးသုိ႔ သယ္ယူ ပုိ႔ေဆာင္ႏုိင္ရန္ သက္ဆုိင္ရာ ဌာနမ်ား၊ လူမႈကူညီေရးအသင္းမ်ား၊ INGO၊ NGO အဖြဲ႕မ်ားႏွင့္ ညွိႏႈိင္း၍ ပူးေပါင္း ဆာင္ရြက္ေပးသြားမည္ျဖစ္္ျဖစ္ေၾကာင္းသိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့မှ (၁၀)ရက်နေ့ အထိ သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါအထူးကုဆရာဝန် (၅)ဦးဖြင့် အခမဲ့ စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုသမှုခံ ယူလိုသူများ အနဖြေင့် နိုဝင်ဘာလ (၁) ရက်နေ့မှ စ၍ ပြည်နယ်ကုသရေးဦးစီးဌာနရုံး၊ လွိုင်ကော်မှ တာဝန်ခံဆရာဝန် ဒေါက်တာပြည့်ဖြိုးကျော် ဖုန်း ဝ၉-၄၅၈၈ ၃၃၃၄၁ ထံသို့ အမည်စာရင်း လာရောက် ပေးသွင်းနိုင်ကြောင်း ကြေညာထားသည်။

ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ သွေးတိုး၊ နှလုံးနှင့် နှလုံး သွေးကြောကျဉ်း ရောဂါ ဌာနမှူး ပါမောက္ခ ဒေါက်တာ နွယ်နွယ် ဦးဆောင်၍ သွေးတိုး၊ နှလုံး နှင့် နှလုံးသွေးကြော ရောဂါအထူးကု ဆရာဝန်(၅) ဦးက ရောဂါ စမ်းသပ် စစ်ဆေးမှုများအတွက် လိုအပ်သည့် ECC စက်၊ ECHO စက်၊ သွေးချိုတိုင်းစက်၊ သွေးပေါင်ချိန်စက်၊ သွေးအတွင်း အဆီဓာတ် စစ်ဆေးသည့်စက်များ၊ ဆေးဝါးများအား ယူဆောင်လာ၍ လွိုင်ကော်မြို့တွင် နှစ်ရက်တာ အခမဲ့ စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရည်အသွေးပြည့်မီသော စစ်ဆေး စမ်းသပ်ကုသမှုများအား လက်လှမ်းမီရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး နှလုံးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရသောလူနာများ၊ အသက် (၄၀) နှစ်အထက် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ ခံစားနေရသူများ၊ အသက် (၄၀) နှစ်အထက်၎င်းရောဂါ ရှိ မရှိ စမ်းသပ်စစ်ဆေး ကုသမှု ခံယူလိုသူများအား ကုသပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ရက်တိုး၍ ကုသပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့က ကြေညာ ထားသည်။

အဆိုပါကုသမှုကို နိုဝင်ဘာလ (၉)ရက်နေ့မှ (၁၀)ရက်နေ့ အထိ နေ့စဉ် နံနက် (၈)နာရီခွဲမှ ညနေ ၅နာရီအထိ လွိုင်ကော် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးကုသမှုခံယူရန် ရပေ်ဝးမှ လာရောက်ကြမည့်သူများအတွက် ပြည်နယ်သာသနာ့ဗိမာန်တွင် တည်းခိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖစ်ပြီး တည်းခိုနေရာမှ လွိုင်ကော်ဆေးရုံကြီးသို့ သယ်ယူ ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ ဌာနများ၊ လူမှုကူညီရေးအသင်းများ၊ INGO၊ NGO အဖွဲ့များနှင့် ညှိနှိုင်း၍ ပူးပေါင်း ဆာင်ရွက်ပေးသွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~