ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ဘီလူးေခ်ာင္းေဘး ၿမိဳ႕ေရွာင္လမ္း (၆)ေပခန္႔အထိ ကၽြံက်သြား

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ဘီလူးေခ်ာင္းေဘး ၿမိဳ႕ေရွာင္လမ္း (၆)ေပခန္႔အထိ ကၽြံက်သြား
အောက်တိုဘာ 5, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္ရွိ ဘီလူးေခ်ာင္းေဘး ၿမိဳ႕ေရွာင္လမ္းမွာ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔မွစ၍ လမ္းအက္ကြဲ၍ နိမ့္က်သြားခဲ့ရာ  ေအာက္တိုဘာလ (၅) ရက္ေန႔တြင္ (၆)ေပေက်ာ္ထိ ထပ္မံ ကြၽံက်သြားေၾကာင္း သိရသည္။

အဆိုပါ လမ္းမွာ လိြဳင္ေကာ္ၿမိဳ႕ မင္းစုရပ္ကြက္မွ ေဒါဥခူ ေက်ာက္ျပားတံတားထိ ဥတၱာရုံတံတားေအာက္မွ ဆက္သြယ္ထားသည့္ လမ္းျဖစ္ၿပီး ေအာက္တိုဘာလ (၄)ရက္ေန႔တြင္ (၂) ေပခန္႔ ကြၽံက် သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းအား လက္ရိွတြင္ အသံုးျပဳခြင့္ပိတ္ထားၿပီး ျပဳျပင္ႏုိင္ေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႔မွ
ျပည္နယ္အစိုးရဝန္ႀကီးခ်ဳပ္ႏွင့္ ဌာနဆိုင္ရာမ်ားပါဝင္သည့္အဖြဲ႕က ေအာက္တိုဘာလ(၅)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ လာေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ဘီလူးချောင်းဘေး မြို့ရှောင်လမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့မှစ၍ လမ်းအက်ကွဲ၍ နိမ့်ကျသွားခဲ့ရာ အောက်တိုဘာလ (၅) ရက်နေ့တွင် (၆)ပေကျော်ထိ ထပ်မံ ကျွံကျသွားကြောင်း သိရသည်။

အဆိုပါ လမ်းမှာ လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှ ဒေါဥခူ ကျောက်ပြားတံတားထိ ဥတ္တာရုံတံတားအောက်မှ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အောက်တိုဘာလ (၄)ရက်နေ့တွင် (၂) ပေခန့် ကျွံကျ သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား လက်ရှိတွင် အသုံးပြုခွင့်ပိတ်ထားပြီး ပြုပြင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ
ပြည်နယ်အစိုးရဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့က အောက်တိုဘာလ(၅)ရက်နေ့ နေ့လယ်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~