နမ့်ခမ်းမြို့နယ်တွင် TNLAက မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦး ဖမ်းဆီး

နမ့်ခမ်းမြို့နယ်တွင် TNLAက မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦး ဖမ်းဆီး
ဇူလိုင် 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းတွင် ၂၀၂၃ခုနှစ် ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း မူးယစ်သုံးစွဲသူနှင့် ရောင်းဝယ်သူ (၈၀)ဦးကို တအာင်းတပ်မတော်(TNLA)က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၇၃)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး စုစုပေါင်း (၈၀)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူ(၈၀)ဦးထဲတွင် တအာင်းလူမျိုး(၂၉)ဦး၊ ရှမ်းလူမျိုး(၂၀)ဦး၊ ကချင်လူမျိုး(၇)ဦး၊ တရုတ်လူမျိုး(၁၃)ဦးနှင့် ဗမာလူမျိုး(၄)ဦးအပါအဝင် ရောင်းဝယ်သူ (၇)ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့ သုံးစွဲသည့်နေရာရှိ တဲနှင့်အသုံးအဆောင်ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီရမိသည့် အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့ကလည်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် PSLF/TNLAမှ (၅)နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိထားသည့် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း (၉၀၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

#TachileikNewsAgency

Photo : News & Information Department