လားရိႈးခရိုင္၌ တစ္ႏွစ္တာအတြင္း ဖမ္းမိသည့္ လူကုန္ကူးမႈ(၁၂)မႈတြင္ ျပည္တြင္းရိွ ျပည့္တန္ဆာလုပ္ငန္းသို႔ ေရာင္းခ်မႈ (၁)မႈပါဝင္

လားရိႈးခရိုင္၌ တစ္ႏွစ္တာအတြင္း ဖမ္းမိသည့္ လူကုန္ကူးမႈ(၁၂)မႈတြင္ ျပည္တြင္းရိွ ျပည့္တန္ဆာလုပ္ငန္းသို႔ ေရာင္းခ်မႈ (၁)မႈပါဝင္
စက်တင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးခရိုင္အတြင္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လအထိ လူကုန္ကူးမႈ (၁၂) မႈတြင္ (၁၁)မႈမွာ အဓမၼထိမ္းျမားလက္ထပ္ရန္ တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ျခင္းျဖစ္ၿပီး (၁)မႈမွာ ျပည္တြင္းရိွ ျပည့္တန္ဆာလုပ္ငန္းသို႔ ပို႔ေဆာင္ခဲ့မႈျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁၆) လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔စုအပါအဝင္ ခရိုင္အဆင့္ဌာနဆိုင္ရာ (၁၄) ဦး၊ အရပ္ဖက္ လူမႈအဖြဲ႔အစည္းမ်ားမွ (၃) ဦး စုစုေပါင္း (၁၇) ဦးျဖင့္ ၂၀၁၇ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည့္ လားရိႈးခရိုင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖဲြ႔အေနျဖင့္ ေဖာ္ထုတ္ခဲ့သည့္ လူကုန္ကူးမႈ(၁၂)မႈတြင္ လူကုန္ကူးခံရသည့္ အမ်ိဳးသမီး (၁၈)ဦးအနက္ (၁၆)ဦးကို ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

“၂၀၁၇ ခုႏွစ္ စက္တင္ဘာလကေန ၂၀၁၈ ခုႏွစ္ ၾသဂုတ္လအထိလားရိႈးေဒသ ျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈ (၁၂) ခုကေန လူကုန္ကူးမႈက်ဴးလြန္တဲ့ တရားခံ (၃၁) ဦး အနက္ (၁၉) ဦးကို ဖမ္းဆီးအေရးယူႏိုင္ခဲ့ပါတယ္။ လားရိႈးေဒသမွာ ျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈ (၁၂) ခုအနက္ (၁၁) ခုဟာ တရုတ္ႏိုင္ငံကို အဓမၼထိမ္းျမားလက္ထပ္ ဖို႔ တရုတ္ႏိုင္ငံကို ပို႔ေဆာင္ခံရတာျဖစ္ၿပီး (၁)မႈကေတာ့ ေဒသတြင္းမွာ ျပည့္တန္ဆာလုပ္ငန္းတစ္ခုကို ပို႔ေဆာင္ ခံရမႈျဖစ္ပါတယ္” ဟု လားရိႈးခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႔မွ အဖြဲ႔ဥကၠဌ ဦးေကာင္းစံလင္းက ေျပာသည္။

အဆိုပါအဖြဲ႕က ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားကို ပထမဆံုးအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃) ရက္ေန႔ နံနက္ပိုင္းက လားရိႈးၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပခဲ့ရာ ေဒသစစ္ဌာနခ်ဳပ္ တိုင္းမွဴးအပါအဝင္ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ အမွတ္(၁၆) လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔စုႏွင့္ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔အစည္းမ်ား စုစုေပါင္းလူဦးေရ (၆၀၀) ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးအထိမ္းအမွတ္ ပိုစတာ၊ ပန္းခ်ီ၊ ဓါတ္ပံု၊ ျပခန္းမ်ား ထည့္သြင္းထားၿပီး လားရိႈးခရိုင္အတြင္းရွိ တကၠသိုလ္မ်ား၊ သူနာျပဳတကၠသိုလ္၊ အေျခခံပညာ၊ အလယ္တန္း၊ အထက္တန္း ေက်ာင္းမ်ားမွ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္ ကာတြန္း၊ ပန္းခ်ီ၊ ပိုစတာ၊ ေဆာင္းပါး၊ စာစီစာကုံး ၿပိဳင္ပြဲမ်ားမွ ဆုရရွိသူမ်ားကိုလည္း ဆုမ်ားခ်ီးျမွင့္ေပးခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၀၅ ခုႏွစ္မွစတင္၍ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒကိုစတင္ ျပဌာန္းခဲ့ၿပီး ဥပေဒ စတင္ျပဌာန္းသည့္ စက္တင္ဘာလ (၁၃) ရက္ေန႔ကို ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးခရိုင်၌ တစ်နှစ်တာအတွင်း ဖမ်းမိသည့် လူကုန်ကူးမှု(၁၂)မှုတွင် ပြည်တွင်းရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းချမှု (၁)မှုပါဝင်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်း ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု (၁၂) မှုတွင် (၁၁)မှုမှာ အဓမ္မထိမ်းမြားလက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်ပြီး (၁)မှုမှာ ပြည်တွင်းရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ခဲ့မှုဖြစ်ကြောင်း သိရသည်။

အမှတ်(၁၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုအပါအဝင် ခရိုင်အဆင့်ဌာနဆိုင်ရာ (၁၄) ဦး၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ (၃) ဦး စုစုပေါင်း (၁၇) ဦးဖြင့် ၂၀၁၇ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည့် လားရှိုးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် ဖော်ထုတ်ခဲ့သည့် လူကုန်ကူးမှု(၁၂)မှုတွင် လူကုန်ကူးခံရသည့် အမျိုးသမီး (၁၈)ဦးအနက် (၁၆)ဦးကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၈ ခုနှစ် သြဂုတ်လအထိလားရှိုးဒေသ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု (၁၂) ခုကနေ လူကုန်ကူးမှုကျူးလွန်တဲ့ တရားခံ (၃၁) ဦး အနက် (၁၉) ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ လားရှိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု (၁၂) ခုအနက် (၁၁) ခုဟာ တရုတ်နိုင်ငံကို အဓမ္မထိမ်းမြားလက်ထပ် ဖို့ တရုတ်နိုင်ငံကို ပို့ဆောင်ခံရတာဖြစ်ပြီး (၁)မှုကတော့ ဒေသတွင်းမှာ ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ပို့ဆောင် ခံရမှုဖြစ်ပါတယ်” ဟု လားရှိုးခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဥက္ကဌ ဦးကောင်းစံလင်းက ပြောသည်။

အဆိုပါအဖွဲ့က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ဒေသစစ်ဌာနချုပ် တိုင်းမှူးအပါအဝင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အမှတ်(၁၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ စုစုပေါင်းလူဦးရေ (၆၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် ပိုစတာ၊ ပန်းချီ၊ ဓါတ်ပုံ၊ ပြခန်းများ ထည့်သွင်းထားပြီး လားရှိုးခရိုင်အတွင်းရှိ တက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်၊ အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်း ကျောင်းများမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ဆောင်းပါး၊ စာစီစာကုံး ပြိုင်ပွဲများမှ ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်မှစတင်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကိုစတင် ပြဌာန်းခဲ့ပြီး ဥပဒေ စတင်ပြဌာန်းသည့် စက်တင်ဘာလ (၁၃) ရက်နေ့ကို မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~