မန္တလေးမှ သယ်လာသည့် ကျောက်စိမ်းအရိုင်းတုံးများကို သီပေါမြို့ အဝင်တွင် ဖမ်းမိ

မန္တလေးမှ သယ်လာသည့် ကျောက်စိမ်းအရိုင်းတုံးများကို သီပေါမြို့ အဝင်တွင် ဖမ်းမိ
နိုဝင်ဘာ 26, 2019
By Tachileik News Agency

မန္တလေးမှ မူဆယ်သို့ တရားမဝင်သယ်ပို့သည့် ကျောက်စိမ်းအရိုင်းတုံးအလေးချိန် (၃၆၅၂.၄၁)ကီလိုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အဝင်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

တိုးဂိတ်တွင် ပူးပေါင်းအဖွဲ့က ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ အဆိုပါယာဉ်၏ နောက်ပိုင်းနှင့် ဝမ်းဗိုက်တွင် ဝှက်၍ထည့်ထားသည့် ကျောက်စိမ်းခွဲခြမ်းတုံး (၃၈)တုံးနှင့် အရွယ်စုံကျောက်တုံးငယ် (၈၂၀)တုံးတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်အား မောင်းနှင်သည့် ယာဉ်မောင်းမှာ အလုပ်မရှိဘဲဖြစ်နေရာမှ မန္တလေးမှ မူဆယ်သို့ ခရီးသည်တင်ယာဉ်ကို ယာဉ်မောင်းခ ကျပ်တစ်သိန်းဖြင့် မောင်းနှင်ပေးရန် ကမ်းလှမ်းသဖြင့် မောင်းနှင်လာခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်စိမ်းများကို တရားမဝင်တင်ထားသည့်ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းဖြစ်သူ ရဲဝင်းကျော် (ခ) ရဲဝင်းအောင်အား သီပေါမြို့မရဲစခန်းတွင် (ပ) ၁၄၁/၁၉၊ ၂၀၁၉ ခုနှစ်၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁ (က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~