တည္ေဆာက္ကာလ (၂)ႏွစ္ၾကာမည့္ သံလြင္ျမစ္ကူး ကြမ္းလုံတံတားသစ္အတြက္ လမ္းအူေၾကာင္း (၃)ေနရာ ရွာေဖြထား

တည္ေဆာက္ကာလ (၂)ႏွစ္ၾကာမည့္ သံလြင္ျမစ္ကူး ကြမ္းလုံတံတားသစ္အတြက္ လမ္းအူေၾကာင္း (၃)ေနရာ ရွာေဖြထား
သြဂုတ် 22, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းရိွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြမ္လံုၿမိဳ႕မွ သံလြင္ျမစ္ကူး တံတားသစ္ကို တည္ေဆာက္ခ်ိန္ (၂)ႏွစ္ေက်ာ္ၾကာျမင့္မည္ျဖစ္ရာ လက္ရိွ ႀကိဳးတံတားတြင္ သတ္မွတ္ခံႏုိင္ဝန္ အတိုင္း ျဖတ္သန္းခြင့္ျပဳထားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရး ဒုတိယလမ္းေၾကာင္းျဖစ္သည့္ ခ်င္းေရႊေဟာ္နယ္စပ္ဂိတ္မွ ကုန္သြယ္ရာတြင္ ကြမ္လံုၿမိဳ႕ရိွ သံလြင္ျမစ္ကူးတံတားမွာ အေရးပါသည့္ တံတားတစ္စီးျဖစ္သည့္အတြက္ ႏွစ္လမ္းသြား သံကူကြန္ကရစ္တံတားသစ္ တည္ေဆာက္ႏုိင္ေရးကို လမ္းအူေၾကာင္းသုံးေနရာကို ရွာေဖြထားၿပီးျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျပာၾကားသည္။

ကြမ္းလုံႀကိဳးတံတားအသစ္တည္ေဆာက္ၿပီး ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္မႈတိုးျမႇင့္ေရး အတြက္  တရုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္အစိုးရ၏ China Grant Aid ရရွိေရး ညႇိႏႈိင္းေဆာင္႐ြက္လ်က္ၿပီး အႀကိဳစမ္းသပ္ေလ့လာမႈ ေဆာင္႐ြက္ႏိုင္ရန္ နားလည္မႈ စာခြၽန္လႊာကိုလည္း ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ လက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း သိရသည္။

ကြမ္းလုံၿမိဳ႕ရွိ သံလြင္ျမစ္ကူး ႀကိဳးတံတားႀကီးႏွင့္ စပ္လ်ဥ္း၍ ေဆာင္ရြက္ေပးမည့္ အေျခအေနကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၄) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး၌ ကြမ္းလုံ မဲဆႏၵနယ္မွ ဦးယန္က်င္းကန္က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်လုံမြို့မှ သံလွင်မြစ်ကူး တံတားသစ်ကို တည်ဆောက်ချိန် (၂)နှစ်ကျော်ကြာမြင့်မည်ဖြစ်ရာ လက်ရှိ ကြိုးတံတားတွင် သတ်မှတ်ခံနိုင်ဝန် အတိုင်း ဖြတ်သန်းခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး ဒုတိယလမ်းကြောင်းဖြစ်သည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ကုန်သွယ်ရာတွင် ကွမ်လုံမြို့ရှိ သံလွင်မြစ်ကူးတံတားမှာ အရေးပါသည့် တံတားတစ်စီးဖြစ်သည့်အတွက် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားသစ် တည်ဆောက်နိုင်ရေးကို လမ်းအူကြောင်းသုံးနေရာကို ရှာဖွေထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားသည်။

ကွမ်းလုံကြိုးတံတားအသစ်တည်ဆောက်ပြီး မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၏ China Grant Aid ရရှိရေး ညှိနှိုင်းဆောင်ရွက်လျက်ပြီး အကြိုစမ်းသပ်လေ့လာမှု ဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာကိုလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူး ကြိုးတံတားကြီးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးမည့် အခြေအနေကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကွမ်းလုံ မဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~