လားရှိုးတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး အုတ်တံတိုင်းပိ၍ တစ်ဦးသေဆုံး

လားရှိုးတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး အုတ်တံတိုင်းပိ၍ တစ်ဦးသေဆုံး
စက်တင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုဖြစ်ကာ အမျိုးသားတစ်ဦး အုတ်တံတိုင်းပြိုကျသဖြင့် ပိ၍သေဆုံးသွားကြောင်း သိရသည်။

မိုးရွာသွန်းမှုများခြင်းကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၅)တွင် ရေကြီးရေလျှံမှုဖြစ်ပြီး နေအိမ်အုတ်တံတိုင်းပြိုကျမှုကြောင့် အသက်(၃၀)ကျော်အရွယ် လေဖြတ်နေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ကူညီကယ်ဆယ်ပေးနေသူများထံမှ သိရသည်။

ရေကြီးရေလျှံမှုဖြစ်ရာနေရာများသို့ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရပြီး လက်ရှိတွင် ရေကျသွားသော်လည်း စိုးရိမ်ရသည့် အခြေအနေဖြစ်သဖြင့် ပစ္စည်းများ သယ်ယူရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

#TachileikNewsAgency

Photo : Nay Myo