လားရိႈးတြင္ ၂၀၁၈ ခုႏွစ္အတြင္း ဖမ္းဆီးရမိသည့္ ဆူညံအိတ္ေဇာ (၅၅၀)ကို ဖ်က္ဆီး

လားရိႈးတြင္ ၂၀၁၈ ခုႏွစ္အတြင္း ဖမ္းဆီးရမိသည့္ ဆူညံအိတ္ေဇာ (၅၅၀)ကို ဖ်က္ဆီး
သြဂုတ် 25, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္တြင္ ၂၀၁၈ ခုနွစ္အတြင္း ဖမ္းဆီးရမိထားသည့္ ဆိုင္ကယ္မ်ားမွ ဆူညံအိတ္ေဇာ (၅၅၀)ခုကို ၾသဂုတ္လ(၂၅)ရက္ေန႔က ခ်ယ္ရီၿမိဳင္အိမ္ရာဝင္းအတြင္း လမ္းႀကိတ္စက္ျဖင့္ ႀကိတ္၍ ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

“ဆူညံအိတ္ေဇာေတြေၾကာင့္မလို႔ ညအခ်ိန္ေတြမွာ သက္ႀကီးရြယ္အိုေတြ၊ ကေလးသူငယ္ေတြ အထိတ္တလန္႔ ျဖစ္ရတယ္။ ျပည္သူလူထု အထိတ္တလန္႔ျဖစ္ရတယ္။ ေက်ာင္းေနအရြယ္ ကေလးေတြ အတြက္လည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အတြက္ ရွမ္းျပည္နယ္အစိုးရအဖြ႔ဲရဲ့လမ္းညႊန္မႈနဲ႔ အခုလို ဖမ္းဆီး ထိန္းသိမ္းရျခင္း ျဖစ္ပါတယ္။ ဖမ္းဆီးထိန္းသိမ္းတဲ့ ေနရာမွာလည္း ကာယကံရွင္ကို ယာဥ္ထိန္းရံုးကို ေခၚတယ္။ အိတ္ေဇာအသစ္ ဝယ္ၿပီးေတာ့ လဲလွယ္တပ္ဆင္ေစပါတယ္။ အေရးယူတာမ်ိဳး မလုပ္ထားပါဘူး” ဟု အမွတ္(၂၀)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲမွဴး ရဲမွဴး မ်ိဳးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လ (၂၅) ရက္ေန႔အထိ လားရႈိးၿမိဳ႕နယ္အတြင္း ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ပညာေပးမႈမ်ားျပဳလုပ္ကာ ဖမ္းဆီးရမိခဲ့သည့္ ဆူညံအိတ္ေဇာမ်ားကို လမ္းႀကိတ္စက္ျဖင့္ ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ လားရိႈးခရိုင္ /ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၊ ခရိုင္/ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အမွတ္(၂၀)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲ (ရွမ္း/ေျမာက္)၊ အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး) တို႔ႏွင့္ ျပည္သူအခ်ိဳ႕တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္တြင္ ၂၀၁၇ ခုႏွစ္အတြင္း စည္းကမ္းပ်က္ယာဥ္မ်ားအား စစ္ေဆးအေရးယူျခင္းမွ တရားရံုး ဒဏ္ေငြ (၆၂,၅၂၅,၀၀၀)က်ပ္ကို ရွာေဖြအပ္ႏွံႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်များမှ ဆူညံအိတ်ဇော (၅၅၀)ခုကို သြဂုတ်လ(၂၅)ရက်နေ့က ချယ်ရီမြိုင်အိမ်ရာဝင်းအတွင်း လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ဆူညံအိတ်ဇောတွေကြောင့်မလို့ ညအချိန်တွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ အထိတ်တလန့် ဖြစ်ရတယ်။ ပြည်သူလူထု အထိတ်တလန့်ဖြစ်ရတယ်။ ကျောင်းနေအရွယ် ကလေးတွေ အတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ အခုလို ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့ နေရာမှာလည်း ကာယကံရှင်ကို ယာဉ်ထိန်းရုံးကို ခေါ်တယ်။ အိတ်ဇောအသစ် ဝယ်ပြီးတော့ လဲလှယ်တပ်ဆင်စေပါတယ်။ အရေးယူတာမျိုး မလုပ်ထားပါဘူး” ဟု အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ (၂၅) ရက်နေ့အထိ လားရှိုးမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် မော်တော်ဆိုင်ကယ်များအား ပညာပေးမှုများပြုလုပ်ကာ ဖမ်းဆီးရမိခဲ့သည့် ဆူညံအိတ်ဇောများကို လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လားရှိုးခရိုင် /မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/မြောက်)၊ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) တို့နှင့် ပြည်သူအချို့တက်ရောက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးအရေးယူခြင်းမှ တရားရုံး ဒဏ်ငွေ (၆၂,၅၂၅,ဝဝဝ)ကျပ်ကို ရှာဖွေအပ်နှံနိုင်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~