ယာဥ်တန်း လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို KIAတိုက်ခိုက်

ယာဥ်တန်း လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို KIAတိုက်ခိုက်
ဇူလိုင် 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်-မူဆယ်လမ်းမကြီးတွင် စစ်‌ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာယီတပ်စွဲထားသည့် တပ်မ(၉၉)လက်အောက်ခံ ခလရ(၁၂၃)တပ်ကို KIAတပ်မဟာ(၆)၊ အမှတ်(၃၆)တပ်ရင်း၊ အမှတ် (၃၈)တပ်ရင်း၊ အမှတ်(၉)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAနှင့်နီးစပ်သူထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တပ်မ(၉၉)မှ မူဆယ်ဘက်သို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာပို့ယာဥ်ကြောင်း ထွက်ရန်ရှိသည့်အတွက် မူဆယ်-ကွတ်ခိုင်လမ်းမကြီးရှိ ကောင်ရာယာယီတပ်စခန်းမှ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူရန်သွားစဉ် KIAတပ်ဖွဲ့များက စောင့်ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြီး အနီးရှိ ရွာများအတွင်းသို့ ထွက်ပြေးသွားကြပြီး နမ့်ဖက်ကာတပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)