ကျောက်မဲမြို့၏ ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖွဲ့ကို လိုက်လံဖမ်းဆီးနေသော်လည်း လမ်းပေါ်တက်၍ ပြောက်ကျားနည်းဖြင့် ဆက်လက်ဆန္ဒပြ 

ကျောက်မဲမြို့၏ ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖွဲ့ကို လိုက်လံဖမ်းဆီးနေသော်လည်း လမ်းပေါ်တက်၍ ပြောက်ကျားနည်းဖြင့် ဆက်လက်ဆန္ဒပြ 

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဆိုင်ကယ်ဖြင့် ဆန္ဒပြသည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖွဲ့အား မေလ (၂၈)ရက် ညပိုင်းက စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က နေအိမ်များအထိ လိုက်လံရှာဖွေ ဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း မေလ (၂၉)ရက်တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်းသည် ဆက်လက်၍ လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။ 

ကျောက်မဲမြို့တွင် နေ့စဥ်ပြုလုပ်နေသည့် ဆိုင်ကယ်သပိတ်လမ်းကြောင်းအတွင်း စစ်အာဏာရှင်ကိုအားပေးသူ(ဒလန်)များက သတင်းပေးနေမှုများရှိသည့်အပြင် ညပိုင်းတွင် ဆန္ဒထုတ်ဖေါ်သူများ၏ နေအိမ်များသို့ စစ်အာဏာရှင်ကိုအားပေးသူ(ဒလန်)သတင်းပေးများက လိုက်လံပြသကာ စစ်တပ်က လိုက်၍ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

မေလ (၂၈)ရက် ည (၁၁)နာရီခွဲဝန်းကျင်အချိန်က အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီး(၁)ဦးကို   လာဖမ်းရာ မတွေ့သဖြင့် ဆွေးမျိုးတော်စပ်သူကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းအပြီး နံနက်(၃)နာရီတွင် ပြန်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: CJ