တာခ်ီလိတ္တြင္ လုိင္စင္မဲ့ကားမ်ားအား ၿမိဳ႕အဝင္ အထြက္မ်ားတြင္ ဇြန္လ(၁၁)ရက္ေန႔ကစ၍ စတင္ဖမ္းဆီးေန

တာခ်ီလိတ္တြင္ လုိင္စင္မဲ့ကားမ်ားအား ၿမိဳ႕အဝင္ အထြက္မ်ားတြင္ ဇြန္လ(၁၁)ရက္ေန႔ကစ၍ စတင္ဖမ္းဆီးေန
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အ၀င္ အထြက္ျဖစ္မ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းမွစ၍ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား စိစစ္ဖမ္းဆီးမႈမ်ားကို ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္အစိုးရအဖြဲ႕ဆံုးျဖတ္ခ်က္အရ ေဆာင္ရြက္ပါဆိုၿပီး ညႊန္ၾကားစာဝင္လာပါတယ္။ ၿမိဳ႕ျပင္မွာပဲ စဖမ္းမွာပါ။ ၿမိဳ႕အဝင္အထြက္ေတြမွာ အရင္စစ္ေဆးသြားမွာျဖစ္ပါတယ္။ ေနာက္ထပ္ ညႊန္ၾကားခ်က္ အသစ္မရိွမျခင္း ဒီအတုိင္းပဲ လုပ္ေဆာင္သြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၁)ရက္ေန႔ ေန႔လည္ပိုင္းက ေျပာသည္။

ပူးေပါင္းအဖြဲ႕တြင္ ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းတပ္ဖြဲ႕၊ ပို႔/ဆက္၊ ကညန ႏွင့္ ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခုကစၿပီး ေတာက္ေလွ်ာက္ေတာ့ ဖမ္းသြားမွာပါ။ အခုေလာေလာဆယ္ေတာ့ လိုင္စင္မဲ့ေတြ ဖမ္းၿပီ ဆိုတာ စၿပီး လုပ္ေဆာင္တာပါ။ ရပ္ကြက္ေတြထိေတာ့ လုိက္ဖမ္းဖို႔ေတာ့ ေလာေလာဆယ္ မရိွေသးပါဘူး”ဟု အမွတ္ (၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)၏ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက ေျပာသည္။

လိုင္စင္မဲ့ကားမ်ား အသံုးျပဳမႈအား ဖမ္းဆီးျခင္းကို ကယားျပည္နယ္၊ တရားဥပေဒစို္းမိုးေရးႏွင့္ လုံၿခံဳေရး ဆိုင္ရာ လုပ္ငန္းညႇိႏွိဳင္း အစည္းအေဝးဆံုးျဖတ္ခ်က္ အရ ကယားျပည္နယ္တြင္လည္း ၂၀၁၈ ခုႏွစ္ ဇြန္လ (၆)ရက္ေန႔မွစ၍ ၿမိဳ႕ဝင္၊ၿမိဳ႕ထြက္မ်ားတြင္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် အထွက်ဖြစ်များတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လိုင်စင်မဲ့ မော်တော်ယာဉ်များအား စိစစ်ဖမ်းဆီးမှုများကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ဆောင်ရွက်ပါဆိုပြီး ညွှန်ကြားစာဝင်လာပါတယ်။ မြို့ပြင်မှာပဲ စဖမ်းမှာပါ။ မြို့အဝင်အထွက်တွေမှာ အရင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ နောက်ထပ် ညွှန်ကြားချက် အသစ်မရှိမခြင်း ဒီအတိုင်းပဲ လုပ်ဆောင်သွားမှာပါ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၁)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ပူးပေါင်းအဖွဲ့တွင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ပို့/ဆက်၊ ကညန နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုကစပြီး တောက်လျှောက်တော့ ဖမ်းသွားမှာပါ။ အခုလောလောဆယ်တော့ လိုင်စင်မဲ့တွေ ဖမ်းပြီ ဆိုတာ စပြီး လုပ်ဆောင်တာပါ။ ရပ်ကွက်တွေထိတော့ လိုက်ဖမ်းဖို့တော့ လောလောဆယ် မရှိသေးပါဘူး”ဟု အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)၏ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

လိုင်စင်မဲ့ကားများ အသုံးပြုမှုအား ဖမ်းဆီးခြင်းကို ကယားပြည်နယ်၊ တရားဥပဒေစို်းမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက် အရ ကယားပြည်နယ်တွင်လည်း ၂၀၁၈ ခုနှစ် ဇွန်လ (၆)ရက်နေ့မှစ၍ မြို့ဝင်၊မြို့ထွက်များတွင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~