ပထမျပန္စာေမးပြဲမ်ား ေအာင္ျမင္ထားသည့္ တာခ်ီလိတ္ၿမိဳ႕မွ သံဃာ၊ သီလရွင္ အပါး (၅၀)အား ေအာင္လက္မွတ္မ်ား ဆက္ကပ္

ပထမျပန္စာေမးပြဲမ်ား ေအာင္ျမင္ထားသည့္ တာခ်ီလိတ္ၿမိဳ႕မွ သံဃာ၊ သီလရွင္ အပါး (၅၀)အား ေအာင္လက္မွတ္မ်ား ဆက္ကပ္
ဧပြီ 10, 2019
By Tachileik News Agency

၂၀၁၈ ခုႏွစ္ အစုိးရပထမျပန္ စာေမးပြဲမ်ား ေအာင္ျမင္ခဲ့သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ျမိဳ႕မွ သံဃာေတာ္၊ သီလရွင္မ်ားအား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၀)ရက္ေန႔ နံနက္က ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းျခင္းႏွင့္ စူဠဘြဲ႔ႏွင္းသဘင္ကို က်င္းပသည္။

ပထမျပန္စာေမးပြဲတြင္ ပထမႀကီးတန္း၊ ပထမလတ္တန္း၊ပထမငယ္တန္းႏွင့္ အေျချပဳမူလတန္းေအာင္ သံဃာ(၃၉)ပါး၊သီလ႐ွင္(၁၁)ပါးတို႔အား ေအာင္လက္မွတ္မ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းျခင္းကို ၿမိဳ႕နယ္ဓမၼာရံုတြင္ က်င္းပျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ တာခ်ီလိတ္ခရုိင္ စီမံခန္႕ခြဲမွဳ ေကာ္မတီဥကၠဌ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ႏွင့္ ခရိုင္၊ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ သက္ဆုိင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ ဧည့္ပရိတ္သတ္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၈ ခုနှစ် အစိုးရပထမပြန် စာမေးပွဲများ အောင်မြင်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ သံဃာတော်၊ သီလရှင်များအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ နံနက်က အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် စူဠဘွဲ့နှင်းသဘင်ကို ကျင်းပသည်။

ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ပထမငယ်တန်းနှင့် အခြပြေုမူလတန်းအောင် သံဃာ(၃၉)ပါး၊သီလရှင်(၁၁)ပါးတို့အား အောင်လက်မှတ်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်ဓမ္မာရုံတွင် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net